ဆီနီဂေါသမ္မတ ရွေးကောက်ပွဲမှာ အသက် ၄၄ နှစ်သာရှိသေးတဲ့ အတိုက်အခံသမ္မတလောင်း ဘာဆီရူး ဒီယိုမေးယ် ဖေးယ် အနိုင်ရတယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီက မတ် ၂၉ ရက်မှာ အတည်ပြုပါတယ်။
ဖေးယ်ဟာ အနောက်အာဖရိကနိုင်ငံ ဆီနီဂေါကို ၁၂ နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ မက်ကီဆောလ် နေရာကို ဆက်ခံရမှာဖြစ်ပါတယ်။
ဧပြီ ၂ ရက်မှာ တာဝန်လွှဲယူရမှာဖြစ်ပြီး နိုင်ငံရဲ့ ငါးယောက်မြောက်သမ္မတ နဲ့ အသက်အငယ်ဆုံး သမ္မတအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။
မဲ ၁၀၀ ရာခိုင်နှုန်း ရေတွက်အပြီးမှာ ထွက်ပေါ်လာတဲ့ ရလဒ်အရ ဖေးယ် ဟာ မဲ ၅၄ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ အတည်ပြုပါတယ်။
အစောပိုင်းမှာ ဖေးယ် နိုင်ပေမဲ့ မဲထက်ဝက်မကျော်တဲ့ အတွက်ဒုတိယအကျော့ပြိုင်ရမယ်ဆိုတဲ့ ပုံစံမျိုး အာဏာရပါတီဘက်က သမ္မတလောင်း အမာဒူ ဘားက ပြောခဲ့ပါသေးတယ်။
ဘားဟာ မဲ ၃၅ ရာခိုင်နှုန်းနဲ့ အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ တရားဝင်ရလဒ် ထွက်ပေါ်လာအပြီးမှာ ရွေးကောက်ပွဲယှဉ်ပြိုင်သူ ဘယ်သူကမှ ကန့်ကွက်မှုမရှိဘူး ကောင်စီက ထုတ်ပြန်ပါတယ်။
ဖေးယ်ဟာ ထောင်ထဲက ထွက်လာအပြီး ၁၀ ရက်အကြာမှာ ရွေးကောက်ပွဲနိုင်ခဲ့တာဖြစ်ပါတယ်။
အဓိက အတိုက်အခံခေါင်းဆောင် အိုစမာနီဆွန်ကိုဟာ ရွေးကောက်ပွဲပြိုင်ခွင့် ပိတ်ခံထားရတဲ့ အတွက် “အိုစမာနီဟာ ဒီယိုမေးယ် ပဲ” ဆိုတဲ့ ကြွေးကြော်သံနဲ့ အိုစမာနီနဲ့ အတိုက်အခံအုပ်စုတွေက ဖေးယ်ကို ဝန်းရံပေးခဲ့ကြတာဖြစ်ပါတယ်။
နှစ်ဦးစလုံးစဟာ ဥပဒေနဲ့ဘွဲ့ရပြီး အခွန်စစ်ဆေးရေးမှူးတွေအဖြစ် လုပ်ကိုင်ခဲ့ကြဖူးသူတွေ ဖြစ်ပါတယ်။
Source/Photo - Reuters