ကွန်တိန်နာသင်္ဘောကြီး ဝင်တိုက်မိလို့ ကျိုးကျသွားတဲ့ ဘာလ်တီမိုးရ်ဆိပ်ကမ်းက ဖရန်စစ်စကော့ကီး တံတားရဲ့ အပျက်အစီးတွေကို တန် ၁၀၀၀ အထိ မနိုင်တဲ့အကြီးဆုံး ကရိန်းကြီး နဲ့ မတ် ၃၀ ရက် မနက်ပိုင်းမှာ စတင်ဖယ်ရှားမှာဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒုတိယမြောက် ကရိန်းကြီး တခုကိုလည်း သယ်ယူလာပြီဖြစ်ကပြီး မကြာမီရောက်ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေဟာ သင်္ဘောအဝင်အထွက်များတဲ့ ဆိပ်ကမ်းလမ်းကြောင်းမှာ ပိတ်နေတဲ့ တံတား အပျက်အစီးတွေကို ဖယ်ရှားရေးနဲ့ တံတားအမြန်ပြန်ဆောက်နိုင်ရေးကို ဦးစားပေး လုပ်ဆောင်နေတာဖြစ်ပါတယ်။
တံတားပြိုကျစဉ်မှာပျောက်ဆုံးနေတဲ့ အလုပ်သမား ၆ ဦးထဲက ၂ ဦးရဲ့ အလောင်းပဲရသေးပြီး ကျန် ၄ ဦး ကိုတော့ အလောင်းပြန်မရသေးပါဘူး။
အားလုံးဟာ မက္ကဆီကိုနဲ့ ဗဟိုအမေရိကက ရွှေ့ပြောင်းလုပ်သားတွေဖြစ်ပါတယ်။
“ဒါလီသင်္ဘောကြီးက အီဖယ်တာဝါလောက်ရှည်ပါတယ်။ အဲဒီ ဒါလီသင်္ဘောပေါ်မှာမှ ကီး တံတားကြီးက ပိနေတော့ သင်္ဘောပေါ်မှာ ပိနေတဲ့ သံမဏိ တန် ၃၀၀၀ ၊ ၄၀၀၀ လောက်ရှိတဲ့ ကို ဖယ်ရှားရမှာဆိုတော့ အများကြီးလုပ်ရဦးမှာပါ” လို့ မေရီလင်းပြည်နယ် အုပ်ချုပ်ရေးမှူး ဝက်စ်မိုးက ပြောပါတယ်။
Source/Photo - Reuters