အခုသီတင်းပတ်အတွင်း မဒါဂတ်စကာကျွန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဂါမာနီကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး ထောင်နဲ့ချီတဲ့လူတွေ အိုးအိမ် စွန့်ခွာ ထွက်ပြေးရကြောင်း နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးရုံးက မတ် ၂၉ ရက် မှာ ပြောပါတယ်။
တခြား ၃ ဦး ဒဏ်ရာရပြီး ၄ ဦး ပျောက်ဆုံးနေဆဲလို့ ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ မဒါဂတ်စကာ အရှေ့မြောက်ဘက်ကို ဖြတ်ကျော် ဝင်ရောက်ခဲ့ တဲ့ ဆိုင်ကလုန်း ဂါမာနီ ကြောင့် လူပေါင်း ၂ သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အမျိုးသား ဘေးအန္တရာယ်နဲ့ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုဗျူရို (BNGRC) က အစီရင်ခံစာတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
မုန်တိုင်း ဂါမာနီဟာ မတ် ၂၇ ရက်မနက်ပိုင်းက မဒါဂတ်စကာ အရှေ့မြောက်ဘက်ရှိ ဗိုဟေမာမြို့ရဲ့ မြောက်ဘက် ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီး ပျမ်းမျှလေတိုက်နှုန်း တနာရီလျှင် ၁၅၀ ကီလိုမီတာနဲ့ လေပြင်းတိုက်ခတ်နှုန်း တနာရီလျှင် ၂၁၀ ကီလိုမီတာ ရှိကြောင်း BNGRC က မတ် ၂၈ ရက်နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်စေတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မဒါဂတ်စကာ မြောက်ပိုင်းမှာ လမ်းတွေနဲ့ တံတားတွေ ပြိုကျခဲ့ပါတယ်။ အခုနှစ် မဒါဂတ်စကာ ရဲ့ ဆိုင်ကလုန်းနဲ့ မုန်တိုင်းရာသီမှာ ဂါမာနီ မုန်တိုင်းဟာ ပထမဆုံးဖြစ်ပါတယ်။
Source/Photo - Reuters