လက်ဘနွန်နိုင်ငံ အလ်ဘာဇိုရီယာ ဒေသမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုတခုအတွင်း ဟဇ်ဘိုလာအဖွဲ့ရဲ့ လက်ထောက် တပ်မှူး အလီ အဘဒ် အခ်ဆန် နာအီမ် သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က မတ် ၂၉ ရက်မှာ ပြောပါတယ်။
သူဟာ အီရန်ကျောထောက်နောက်ခံပြု အကြီးစား ထိပ်ဖူးဒုံးကျည် ပစ်ခတ်မှု ပြုလုပ်တဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေထဲမှတဦးဖြစ်ပြီး အစ္စရေးအရပ်သားတွေကို တိုက်ခိုက်တဲ့ စီစဉ်မှုမှာ တာဝန်ရှိတယ်လို့ အခိုင်အမာ ဆိုပါတယ်။
အစ္စရေးက ထုတ်ပြန်တဲ့ ဗီဒီယိုမှာ တွေ့ရတဲ့ လမ်းအပြင်အဆင်၊ အဆောက်အအုံတွေ၊ ဆိုင်းဘုတ် တွေနဲ့ တိုင်တွေက တည်နေရာကို ရိုက်တာက အတည်ပြုနိုင်ခဲ့ပြီး အဲဒီနယ်မြေဧရိယာရဲ့ ဂြိုလ်တုပုံရိပ်နဲ့ လူမှုမီဒီယာမှာ မျှဝေထားတဲ့ အထောက်အထားတွေနဲ့လည်း ကိုက်ညီနေပါတယ်။
ဗီဒီယို ရိုက်ကူးတဲ့ရက်စွဲကိုတော့ ရိုက်တာစ်က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
Source/Photo - Reuters