ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးအသင်းတွေဆီ ပြောင်းရွှေ့မှာမဟုတ်ကြောင်း လီဗာကူဆင်နည်းပြ အလွန်ဆိုက အတည်ပြုပါတယ်။
ဘွန်ဒက်စ်လီဂါပွဲစဉ် မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တခြားအသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် နည်းပြအလွန်ဆိုက ပွင့်ပွင့်လင်းလင်း ပယ်ချသွားခဲ့တာပါ။
အနာဂတ်နဲ့ ပတ်သက်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ အသင်းအပေါ်မှာပဲ အာရုံစိုက်ထားကြောင်း၊ အသင်းတာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံးဆွေးနွေးခဲ့ပြီး လီဗာကူဆင် အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြောင်း နည်းပြအလွန်ဆိုက ပြောပါတယ်။
လီဗာကူဆင်အသင်းဟာ နည်းပြ တဦးအနေနဲ့ ဖွံ့ဖြိုးတိုးတက်လာဖို့ မှန်ကန်တဲ့နေရာ ဖြစ်ကြောင်း၊ ထောက်ခံအားပေးခဲ့ကြတဲ့အသင်းတာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိကြောင်း နည်း အလွန်ဆိုက ပြောပါတယ်။
Photo-Reuters