လက်ရှိ မန်စီးတီးအသင်းရဲ့ ခြေစွမ်းအဆင့်အတန်းမျိုးကို ဘောလုံးသမိုင်းမှာ မမြင်တွေ့ခဲ့ဖူးကြောင်း အာဆင်နယ်နည်းပြအာတီတာက ချီးကျူးပြောသွားပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ မန်စီးတီးရဲ့ အိမ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ပွဲမတိုင်ခင်မှာ ပြိုင်ဘက် စီးတီးအပေါ် နည်းပြအာတီတာက အမွှန်းတင်ချီးကျူးခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဘောလုံးသမိုင်းမှာ မမြင်ဖူးသေးတဲ့ အဆင့်အတန်း တခုကို ရောက်ရှိအောင် စွမ်းဆောင်ပြခဲ့ပြီး အာဆင်နယ်အသင်းအနေနဲ့လည်း အဲဒီလိုအဆင့်အတန်းရောက်ဖို့ ကြိုးပမ်း နေကြောင်း နည်းပြ အာတီတာက ပြောပါတယ်။
တနင်္ဂနွေနေ့မှာ ထိပ်တိုက်တွေ့ဆုံကြမှာက နှစ်သင်းစလုံးအတွက် အလွန်ကြီးမားတဲ့ပွဲစဉ်ဖြစ်ပြီး အနိုင် ရလဒ်ရရှိမယ်ဆိုရင် ကြီးမားတဲ့ ယုံကြည်မူတွေ ရရှိလာနိုင်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။
ဒါပေမဲ့ နောက်ထပ်ပွဲစဉ်တွေရှိနေသေးတဲ့အတွက် ဘယ်အသင်းကပဲ အနိုင်ရသည် ဖြစ်စေ၊ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးနိုင်မှာ တော့မဟုတ်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။
Photo-Reuters