Home
သတင်းဓာတ်ပုံ
ထိုင်းဘက်တွင် ယာယီခိုလှုံနေသည့် ကရင်စစ်ဘေးရှောင် ၇၀ ခန့်ကို  မြန်မာဘက် ပြန်ပို့  (ဓာတ်ပုံ) 
DVB
·
March 28, 2024
vit 2832024
vit 6 2832024
vit 5 2832024
vit 4 2832024
vit 3 2832024
vit 2 2832024
vit 1 2832024

မြန်မာ-ထိုင်းနယ်စပ်၊ တာ့ခ်ခရိုင်၊ တာဆောင်ယမ်းမြို့နယ် သောင်ရင်းမြစ်ကမ်းစပ်မှာ   ယာယီခိုလှုံနေတဲ့ ကရင်စစ်ဘေးရှောင် အယောက်  ၇၀ လောက်ကို မတ် ၂၇ ရက်မှာ ထိုင်းအာဏာပိုင်တွေက  မြန်မာနိုင်ငံဘက် ပြန်ပို့လိုက်ပါတယ်။

အဆိုပါ စစ်ရှောင်ဒုက္ခသည်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေ ပါဝင်ပြီး ကရင်ပြည်နယ်မှာရှိတဲ့ သူတို့နေထိုင်ရာရွာတွေမှာ တိုက်ပွဲတွေ မဖြစ်သေးခင် ထွက်ပြေးတိမ်းရှောင်တဲ့သူတွေ ဖြစ်ကြပါတယ်။

တာဆောင်ယမ်းမြို့ သောင်ရင်းမြစ်ဘေးကမ်းစပ်၊ မဲ့လောရွာ အမှတ် ၃ ရပ်ကွက်မှာ ကရင်ဒုက္ခသည်တွေ ယာယီခိုလှုံနေချိန်  မြို့ပိုင်ဦးဆောင်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူတွေက  ဒေသတွင်းတိုက်ပွဲမဖြစ်သေးတဲ့အကြောင်း  ရှင်းပြကာ မြန်မာပြည်ဘက်ကို ပြန်လွှတ် ပေးလိုက်တာပါ။

တိုက်ပွဲတွေဖြစ်လာခဲ့ရင်တော့ ထိုင်းနယ်စပ်မှာ သတ်မှတ်ထားတဲ့ ယာယီ စစ်ရှောင်တွေထားတဲ့ နေရာကိုတော့  စီစဉ်ပြင်ဆင်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက  ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013