Home
မြန်မာသတင်း
ဘီးလင်းတွင် အမျိုးသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်
DVB
·
March 28, 2024
bie 2832024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် သပြေနီကျေးရွာမှာ အမျိုးသားတယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မတ် ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်၊ ညောင်ထာင့်၊ ရှမ်းစုကျေးရွာမှာနေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် ကိုရှိန်းကိုကိုဟာ သပြေနီကျေးရွာကိုအသွားမှာ စစ်ကောင်စီတပ် ခမရ ၃ နဲ့ ခလရ ၈ တို့က မတ် ၂၂ ရက်‌ မနက် ၁၁နာရီကျော်မှာ ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ကိုရှိန်းကိုကိုဟာ နွားဝယ်ယူဖို့အတွက် ရှမ်းစုကျေးရွာကနေ သပြေနီကျေးရွာကို ဆိုင်ကယ်နဲ့အ သွားမှာ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး ဖမ်း‌‌ဆီးခံရခဲ့တာဖြစ်ပြီး နွားဝယ်ဖို့အတွက် ယူသွားတဲ့ ပိုက်ဆံ သိန်း ၂၀ နဲ့ ဆိုင်ကယ်ကိုလည်း စစ်ကောင်စီတပ်သွားတွေက သိမ်းဆည်းသွားခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်ကောင်စီ တပ်မ ၄၄ ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ ခမရ ၃ နဲ့ ခလရ ၈ ပူးပေါင်းတပ်တို့က ရန်ကုန်-မော်လမြိုင်လမ်းမတလျှောက်မှာ လုံခြုံရေးယူနေတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၁ ရက်ကလည်း ဘီလင်းမြို့နယ် သပြေနီကျေးရွာနဲ့ ကျိုက်ထိုမြို့နယ် သံတံတားကျေးရွာကြားရှိ တံတားပေါ်မှာ ဆိုင်ကယ်မရပ်ပေးတဲ့ လူငယ်သုံးယောက်ကို စစ်တပ်က ပစ်ခတ်ခဲ့တာကြောင့် နှစ်ယောက် သေဆုံးပြီး တယောက်ဒဏ်ရာရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024