Home
နိုင်ငံတကာ
ပွာတိုရီကိုတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အရေးပေါ်အခြေအနေ ကြေညာ
DVB
·
March 28, 2024
PuertoRicoDengue_28032024

ပွာတိုရီကိုကျွန်းပေါ်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု သိသိသာသာ တိုးလာပြီးနောက် မတ် ၂၆ ရက်မှာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကို ကြေညာခဲ့ပါတယ်။

ပွာတိုရီကို ကျန်းမာရေးဌာနမှ ဆေးဘက်ဆိုင်ရာ အရာရှိချုပ် ဒေါက်တာ အိုင်းရစ်ကာဒိုနာက“အခြေခံအားဖြင့် ပြီးခဲ့တဲ့ ရှစ်ပတ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အရေအတွက် တိုးလာတာကြောင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး အမှန်တကယ်မှာ ကိန်းဂဏန်းတွေက သတိပေးချက်အဆင့် သို့မဟုတ် ကပ်ရောဂါအဆင့်ထက် ကျော်လွန်နေခဲ့တာ” လို့ ပြောပါတယ်။

အခုနှစ် အစပိုင်းကတည်းကနေ မတ်လ ဒုတိယပတ်အထိ နောက်ဆုံးထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ၅၄၉ မှုရှိပြီး အဲဒီလူတွေထဲက ကူးစက်ခံရသူ ၆၂ ရာခိုင်နှုန်းလောက် ဆေးရုံတင်ထားရကြောင်း သိရပါတယ်။

ဒီအရေအတွက်တွေက ဆက်ပြီးမြင့်တက်နေရင်တော့ ကျွန်းရဲ့ ကျန်းမာရေးစနစ်ကို ထိခိုက်နိုင်တယ်လို့ ဒေါက်တာ ကာဒိုနာက ပြောပါတယ်။

သမိုင်းကြောင်းအရ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများစုဟာ သြဂုတ်လကနေ ဒီဇင်ဘာလအတွင်း ဖြစ်ပွားတတ်တယ်လို့ ဆိုပါတယ်။

ဒီကပ်ရောဂါ မဖြစ်ခင်က ပွာတိုရီကိုမှာ လူ ၇၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းလောက်က သွေးလွန်တုပ်ကွေး တကြိမ်ဖြစ်ဖူးပြီးသားပေမဲ့ အခုတကြိမ်မှာတော့ အရင်က မကူးစက်ဘူးသေးတဲ့ မျိုးစိတ်ကွဲပြားမှု နှစ်ခုကို တွေ့ရှိထားကြောင်းလည်း ပြောပါတယ်။

ဒါကြောင့် ရောဂါအများစုဟာ အခု သူတို့ရဲ့ ဒုတိယမြောက် ကူးစက်မှုဖြစ်ပြီး မကြာခင်မှာ တတိယမြောက်ကူးစက်မှု ခံစားရဦးမယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ဒီနှစ်ရဲ့ ရောဂါလက္ခဏာတွေက လွန်ခဲ့တဲ့ ၂ နှစ်ကထက် ပိုပြင်းထန်တယ်လို့ ဒေါက်တာ ကာဒိုနာက ပြောပါတယ်။

ကျွန်းပေါ်ရှိ အာဏာပိုင်တွေဟာ ခြင်အရေအတွက် လျော့ပါးစေဖို့ ခြင်ဆေးဖျန်းတဲ့ စီမံကိန်း  အများအပြားကို လုပ်ဆောင်ခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013