လာမယ့်ရာသီမှာ အသင်းပြောင်းရွှေ့နိုင်ကြောင်း နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်က ပြောသွား ပါတယ်။
ဆွီဒင်တိုက်စစ်မှူးဟာ ဆိုစီဒက်အသင်းမှာကစားစဉ်က အာဆင်နယ်အသင်းကခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပေမဲ့ အဆင်မပြေ ဖြစ်ခဲ့တာပါ။
ဆွီဒင်အသင်းက အယ်လ်ဘေးနီးယားကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ အနာဂတ်နဲ့ပတ်သက်လို့ အသင်းပြောင်းရွှေ့နိုင်ကြောင်း အီဆက်ခ်က ပြောသွားခဲ့တာပါ။
လာမယ့်အပြောင်းအရွှေ့မှာ အခြေအနေတွေသာ ဖြစ်လာခဲ့မယ်ဆိုရင် အသင်းပြောင်းရွှေ့နိုင် ကြောင်း၊ လက်ရှိအချိန်မှာတော့ အသင်းပြောင်းဖို့ကိစ္စ မစဉ်းစားသေးကြောင်း အီဆက်ခ်ကပြော ပါတယ်။
ဆွီဒင်တိုက်စစ်မှူးဟာ ကာဆယ်နဲ့ လိဂ်ပွဲစဉ် ၂၀ ကစားအပြီးမှာ ၁၂ ဂိုးသွင်းယူထားပြီး ဖြစ်ပါတယ်။
Photo-Reuters