Home
မြန်မာသတင်း
ကျိုက်မရောတွင် စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲ၊ ဓမ္မသကျေးရွာက နေအိမ် ၁၀၀ ခန့် ဆုံးရှုံး
DVB
·
March 27, 2024
KMY fire_27032024
KMY-fire1_27032024
KMY-fire2_27032024
KMY-fire4_27032024
KMY-fire3_27032024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာမှာ မတ် ၂၇ ရက် ညနေ ၄ နာရီဝန်းကျင်လောက်မှာ ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် နေအိမ် ၁၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ကြဲချခဲ့တာဖြစ်ကြောင်း၊ ည ၇ နာရီအထိ နေအိမ်တွေ မီးလောင်ကျွမ်းနေပြီး မီးသတ်ကားနဲ့ လူမှုကူညီရေးအသင်းကားတွေကိုလည်း စစ်တပ်က သွားရောက်ငြှိမ်းသတ်ခွင့်မပေးဘူးလို့  လူမှုကူညီရေးသမားတယောက်က ပြောပါတယ်။ 

"မီးလောင်မှုမှာ မော်လမြိုင်ကလည်း မထွက်ဘူး၊ ပရဟိတတွေလည်းမထွက်ဘူး၊ လမ်းပိတ်ထားလို့တဲ့။ မီးလောင်လို့ ထွက်တဲ့ကားကိုပိတ်တာ။ တရနာရွာက စစ်တပ်တွေ တပ်စွဲထားတာ၊ ဘယ်ပရဟိတ ဘယ်မီးသတ်ကားမှ မပေးဖြတ်ဘူး။ တရနာမီးသတ်တောင် ရွာပြင်ကနေ မပေးထွက်ဘူး” လို့ ပြောပါတယ်။”

မီးလောင်ကျွမ်းမှုကို ကျေးရွာ မီးသတ်ကပဲ ငြှိမ်းသတ်နေရတာကြောင့် အိမ်ခြေ ၁၀၀ လောက် ဆုံးရှုံးသွားပြီလို့ ဒေသခံတယောက်က ပြောပါတယ်။ 

"မီးသတ်ကားတောင် မပေးဖြတ်ဘူးတဲ့ တော်တော်များတယ်။ လွန်ခဲ့တဲ့ ၁ နာရီလောက်ကတည်းက ခုထိ မီးမငြိမ်းသေးဘူး။ တအိမ်နဲ့ တအိမ် ကူးစက်နေတာ။ လောင်ကျွမ်းမှုများတာကြောင့် ရွာရဲ့ တဝက်ခန့်ရှိတဲ့ နေအိမ်တွေ မီးလောင်ကျွမ်းခဲ့တယ်။”  

မတ် ၂၆ ရက် ညနေ ၅ နာရီကျော်လောက်ကလည်း ကျိုက်မရောမြို့နယ် ကော့ဘိန်းရွာနားမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က လေယာဥ် ဗုံးကြဲခဲ့တာကြောင့် ကျိုက်မရော အတ္ထရံ အရှေ့ခြမ်း ကျေးရွာတွေ ငါးရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013