Home
မြန်မာသတင်း
ဘီးလင်းတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦးဒဏ်ရာရ၊ အဆောက်အအုံများ ပျက်စီး
DVB
·
March 26, 2024
bie 2632024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို စာသင်ကျောင်း အပါအဝင် အဆောက်အအုံများစွာလည်း ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာအုပ်စု၊  မင်းစောရွာကို မတ် ၂၃ ရက် ည ၁၀ နာရီကျော်က စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၅၆ နှစ်အရွယ် တီးကယ် ဗုံးသီးစမှန်ခဲ့သလို ကော်သူးလေ အလယ်တန်းကျောင်းဆောင်သုံးလုံး၊ ဘုန်းကြီးကျောင်းတကျောင်း၊ ဓမ္မာရုံတလုံး၊ နေအိမ် ၁၁ လုံးနဲ့ နှမ်းဆီကြိတ်စက်ရုံငယ်တလုံး ပျက်စီးခဲ့ပါတယ်။

မင်းစောရွာခံတဦးက “လေယာဉ်က ည ၁၀ နာရီ မိနစ် ၂၀ ကနေ ၃၉ မိနစ်အထိ သုံးကြိမ် လက်နက်ကြီးငါးလုံး၊ အငယ်ခုနှစ်လုံး၊ အားလုံးပေါင်း ၁၂ လုံး ပစ်ချတာ။ ကျောင်းဝင်းထဲကို သုံးလုံး ကျပေါက်ကွဲပြီး ရွာထဲကို ကိုးလုံးကျတယ်။ ရွာထဲကျတဲ့ ကိုးလုံးထဲက အကြီးတလုံးနဲ့ အသေးနှစ်လုံးက‌ မပေါက်ကွဲပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ အရပ်သားပြည်သူတွေကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ‌မင်းစောရွာထဲကို ပစ်ခတ်ခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ဆက်လုပ်လာမှာကို မင်းစောရွာသား‌တွေ ကြောက်လန့်နေတာကြောင့် တရွာလုံး စစ်ဘေးတိမ်းရှောင်နေတယ်လို့ KNU-ဘီးလင်းမြို့နယ် သတင်းတာဝန်ခံက ပြောပါတယ်။

photo-KNU

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013