တရုတ်နိုင်ငံကို လာရောက်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ မြောက်ကိုရီးယား အကြီးတန်းအရာရှိတဦးဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံခဲ့ပြီး အိမ်နီးချင်း နှစ်နိုင်ငံကြား ဆက်ဆံရေးခိုင်မာစေဖို့ တောင်းဆိုခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက မတ် ၂၅ ရက်မှာ ထုတ်လွှင့်ပါတယ်။
တရုတ်နိုင်ငံ ပေကျင်းမြို့တော်က ဒိုင်းအိုးယုတိုင်း နိုင်ငံတော်ဧည့်ဂေဟာမှာ မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီက နိုင်ငံတကာ ဆက်ဆံရေးဌာန ညွှန်မှူး ကင်မ်ဆောင်းနမ်ရဲ့ ဓာတ်ပုံတွေကိုလည်း မြောက်ကိုရီးယား အစိုးရပိုင် ရုပ်သံလိုင်း KRT က ထုတ်ပြန်ခဲ့ပါတယ်။
နှစ်နိုင်ငံဆက်ဆံရေး ပိုခိုင်မာစေဖို့၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဆိုင်ရာ တာဝန်ခံ ကဏ္ဍတွေကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တောင်းဆိုခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ လက်ထက် ချစ်ကြည်ရင်းနှီးတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးက မယိမ်းမယိုင်ဘဲ တိုးတက်လာမယ်လို့ ဝမ်က ထုတ်ပြောခဲ့တယ်လို့လည်း KRT က ဆိုပါတယ်။
တရုတ်၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဟာ မတ် ၂၁ ရက်မှာ တရုတ်နိုင်ငံရဲ့ မြို့တော် ပေကျင်းမြို့ဆီ ရောက်ခဲ့ပြီး မတ် ၂၃ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ခဲ့တာပါ။
အထီးကျန် မြောက်ကိုရီးယားနိုင်ငံဟာ ကိုဗစ်-၁၉ ပိတ်ဆို့မှုတွေ အပြီးမှာ သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုတွေကို တိုးချဲ့လာခဲ့ပါတယ်။
အခုနှစ်အစပိုင်းမှာ ရှီနဲ့ ကင်မ်တို့ ပိုနီးကပ်တဲ့ ဆက်ဆံရေးကို ကတိပြုပြီးတဲ့နောက် အခုခရီးစဉ် ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
Source/Photo-Reuters