အင်္ဂလန်အသင်းခေါင်းဆောင်တဦးအဖြစ်တာဝန်ပေးတဲ့အပေါ် နည်းပြဆောက်ဂိတ်ကို ကျေးဇူးတင်ကြောင်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က ပြောသွားပါတယ်။
ရိုက်စ်ဟာ ဘယ်လ်ဂျီယံနဲ့ ခြေစမ်းပွဲစဉ်မှာ အင်္ဂလန်အသင်းခေါင်းအဖြစ် တာဝန်ယူခန့်အပ်ခံရပြီး အသင်းကို ဦးဆောင်ကစားသွားရမှာပါ။
အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခံရချိန်မှာ အလွန်ဆွံ့အသွားခဲ့ရပြီး ယုံကြည်မှုပေးတဲ့ နည်းပြဆောက်ဂိတ်အပေါ် ကျေးဇူးတင်ကြောင်းရိုက်စ်က ပြောပါတယ်။
ရိုက်စ်ဟာ ဘယ်လ်ဂျီယံနဲ့ ခြေစမ်းပွဲစဉ်မှာ လက်ရွေးစင်ပွဲ ၅၀ ပြည့်မြောက် ကစားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဖော် ဘန်ဝိူက်ကိုလည်း လက်ရွေးစင်အသင်းမှာ ပြန်လည်ကစားစေဖို့ နားချသွားမှာဖြစ်တယ်လို့ ရိုက်စ်က ပြောပါတယ်။
Photo-Reuters