မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ နည်းပြတန်ဟတ်ဂ်ကို လာမယ့်ရာသီအထိ ဆက်လက်တာဝန်ပေးဖို့ စီစဉ်ထားတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
အစောပိုင်းသတင်းတွေမှာတော့ တန်ဟတ်ဂ်နေရာမှာ တခြားနည်းပြတဦးနဲ့ အစားထိုးဖို့ ကြိုးပမ်းခဲ့ကြတာပါ။
လက်ရှိအချိန်မှာတော့ နည်းပြတန်ဟတ်ဂ်ကို အခွင့်အရေးထပ်ပေးဖို့ မန်ယူအသင်းဘုတ်အဖွဲ့သစ်က စီစဉ်လာတာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ရာသီကုန်ဆုံးချိန်မှာ အသင်းရဲ့ ရလဒ်ပိုင်းဆိုင်ရာအခြေအနေဟာလည်း နည်းပြတန်ဟတ်ဂ်ရဲ့ အနာဂတ်အပေါ် အကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ သိရပါတယ်။
မန်ယူအသင်းတာဝန်ရှိသူတွေအနေနဲ့ နည်းပြတန်ဟတ်ဂ်အပေါ် ယုံကြည်မှုတွေ ပေးသွားမှာဖြစ်ပေမဲ့ လိုအပ်လာမယ်ဆိုရင်လည်း နည်းပြသစ်တဦး ခန့်အပ်သွားဖို့ ကြိုတင်စီစဉ်ထားတယ်လို့ သိရပါတယ်။
Photo-Reuters