အာဆင်နယ်နောက်ခံလူ ဆာလီဘာရဲ့ ခြေစွမ်းအပေါ် စိတ်တိုင်းမကျသေးတာကြောင့် ပွဲထွက်ခွင့် မပေးတာဖြစ်တယ်လို့ ပြင်သစ်နည်းပြ ဒက်စ်ရွှန့်စ်က ပြောပါတယ်။
ဆာလီဘာဟာ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြနေပေမဲ့ ပြင်သစ်အသင်းမှာတော့ အရန်ကစာသမားအဖြစ်သာ သတ်မှတ်ခံထားရပြီး ဂျာမနီကို ၂ ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ခြေစမ်းပွဲမှာ ပါဝင်ကစားခွင့် မရခဲ့ပါဘူး။
ဆာလီဘာဟာ ကောင်းမွန်တဲ့ဘောလုံးရာသီတခုကို ပိုင်ဆိုင်ထားပေမဲ့ စိတ်တိုင်းကျတဲ့ အခြေအနေမှာ မရှိသေးကြောင်း၊ ပြင်သစ်အသင်းမှာတော့ လိုအပ်တဲ့စွမ်းဆောင်ရည် ပြသနိုင်ခြင်းမရှိသေးတာကြောင့် ဖြစ်ကြောင်း နည်းပြ ဒက်စ်ရွှန့်စ်က ပြောပါတယ်။
ပြင်သစ်အသင်းမှာ နောက်ခံလူတွေဖြစ်ကြတဲ့ အူပါမီကာနို၊ ပါဗက်နဲ့ ကိုနာတေးတို့ကို ဦးစားပေး အသုံးပြုနေတာပါ။
ဆာလီဘာဟာ အလှည့်ကျ ပွဲထွက်ခွင့် စနစ်အရ ချီလီနဲ့ ခြေစမ်းပွဲမှာတော့ ပြင်သစ်အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပြန်ပါလာဖို့ရှိပါတယ်။
Photo-Reuters