Home
မြန်မာသတင်း
တပ်ထောက်ခံသူ အင်အားလျှော့သွားမည်စိုးရိမ်ပြီး စစ်တပ်က တပ်လော်ဘီကျော်စိုးဦးကို ပြန်လွှတ်
DVB
·
March 25, 2024
kso1_25032024
kso_25032025

တပ်ထောက်ခံသူတွေ အင်အားလျှော့သွားမှာစိုးတဲ့အတွက် People မီဒီယာကအယ်ဒီတာချုပ်ကို ကျော်စိုးဦးကို မတ် ၂၅ ရက် ညနေ ၄ နာရီမှာ ဇမ္မူသီရီမြို့နယ်ရဲစခန်းက ပြန်လွှတ်ပေးလိုက်တယ်လို့ တပ်ထောက်ခံသူတွေဆီက သိရပါတယ်။

ဇမ္မူသီရီမြို့နယ်ရဲစခန်းရှေမှာ ဒီနေ့မနက်က အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ တပ်ထောက်ခံသူတွေ ကျော်စိုးဦးကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုပြီးနောက် ညနေ ၄ နာရီမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ တပ်ထောက်ခံသူတယောက်က ပြောပါတယ်။

"မပုတု နဲ့ အမျိုးသားရေးဘုန်းကြီးတွေ ဆန္ဒပြတယ်၊ ပြန်လွှတ်မပေးရင် တပ်ထောက်ခံသူတွေ ဘက်ပြောင်းသွားနိုင်တယ်ပြောတယ်၊ PDF တွေနဲ့ယှဥ်ပြီးပြောတာ ညနေ ပြန်လွှတ်လိုက်တာ။"

ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတဲ့ People မီဒီယာကအယ်ဒီတာချုပ် ကိုကျော်စိုးဦး ဒီနေ့ ညနေ ၄ နာရီမှာ ဇမ္မူသီရီမြို့နယ်ရဲစခန်းက ခံဝန်နဲ့ပြန်လွှတ်လိုက်တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

"ဖမ်းတာက ပြည်ထဲရေးက အကြီးအကဲတွေ စစ်တပ်က အကုန်လုံးဆန္ဒပြနေလို့ ခံဝန်နဲ့ ပြန်လွှတ်ခိုင်းတာ စစ်တပ်ကတမျိုး ပြည်ထဲရေးကတမျိုး။" 

မတ် ၈ ရက်ဖြစ်ခဲ့တဲ့ ဆွမ်ပရာဘွမ်တိုက်ပွဲမှာ ရဲအုပ်နေလင်းဟိန်း သေဆုံးခဲ့တဲ့ကိစွမှာ ပြည်ထဲရေးကရဲတွေ ဝေဖန်​ပြောဆိုခဲ့တဲ့ ကျော်စိုးဦးကို ဗိုလ်ချုပ်တိုးရီအမိန့်နဲ့ မတ် ၁၉ ရက်က ဖမ်းခဲ့တာဖြစ်ပါတယ်။

ကိုကျော်စိုးဦးကို စစ်တပ်က မတ် ၁၉ ရက်မှာ ဖမ်းဆီးခဲ့ပြီး မတ် ၂၁ ရက်ရက်မှာ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ကာ ဒီနေ့ညနေမှာ ပြန်လွှတ်ခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်လော်ဘီတဦးဖြစ်တဲ့ တောင်ဒဂုံက  မျိုးဝင်းကို ဖမ်းဆီးပြီး ထောင် ၃ နှစ်ချသလို ပဲခူးက ရာဇာကိုလည်း ဖမ်းဆီးပြီး ထောင်ဒဏ် ၂ နှစ်ချခဲ့ပြီး NHP News သတင်းထောက် ဦးဝင်းဦးနဲ့ ဒဲ့ပြောသတင်းဌာန အယ်ဒီတာချုပ် ဦးဇော်မင်းဦးတို့ကို ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013