Home
နိုင်ငံတကာ
မော်စကိုဖျော်ဖြေပွဲ တိုက်ခိုက်ခဲ့သည့် ဗီဒီယိုဖိုင် IS ထုတ်ပြန်
DVB
·
March 25, 2024
IS_25032024

ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုနားက ခရိုးကို့စ် မြို့တော်ခန်းမ ဖျော်ဖြေပွဲကျင်းပတဲ့နေရာမှာ မတ် ၂၂ ရက်က တိုက်ခိုက်ခံရမှု ဗီဒီယိုဖိုင်ကို အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ IS စစ်သွေးကြွတွေက သူတို့ရဲ့ Telegram ကနေ မတ် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

၁ မိနစ်၊ ၃၁ စက္ကန့်ကြာတဲ့ ဗီဒီယိုထဲမှာ သေနတ်သမားတဦးက ပွဲခင်းထဲဝင်သွားချိန် အနီးကပ် မြင်ကွင်းကို ပြသထားပါတယ်။

တိုက်ခိုက်တဲ့နေရာနဲ့ တည်နေရာပုံတွေက ရိုက်တာသတင်းဌာနက ထုတ်ပြန်တဲ့ တခြားဗီဒီယိုတွေထဲမှာပါတဲ့ နံရံတွေ၊ ကြမ်းပြင်တွေက ဒီဇိုင်းတွေနဲ့ တိုက်ဆိုင်နေလို့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဗီဒီယိုထဲက အမျိုးသားတွေ ဝတ်ဆင်ထားတဲ့ ရှပ်အင်္ကျီအရောင်ဟာလည်း IS တွေက သူတို့ရဲ့ တိုက်ခိုက်သူလေးဦးလို့ ပြောပြီး အရင်တုန်းက ထုတ်လွှင့်ထားတဲ့ ဓာတ်ပုံထဲက လူတွေနဲ့ ကိုက်ညီနေပါတယ်။

ဒီအဝတ်အစားတွေဟာ ပါဝင်ပတ်သက်နေတဲ့ သံသယရှိသူတွေကို စစ်ကြောရေး လုပ်နေတာကို ပြသဖို့ ရည်ရွယ်ပြီး ကရင်မလင်နန်းတော်နဲ့ နီးစပ်တဲ့ ရုရှားမီဒီယာတွေနဲ့ Telegram ချန်နယ်တွေက လွှင့်တင်ထားတဲ့ ဗီဒီယိုမှတ်တမ်းတွေနဲ့လည်း ကိုက်ညီနေပါတယ်။

ကလေးငယ်သုံးဦး အပါအဝင် လူ ၁၃၃ ဦး သေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာရသွားတဲ့ တိုက်ခိုက်မှုက သူတို့လက်ချက်လို့ IS အဖွဲ့က အခိုင်အမာ ပြောခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013