Home
နိုင်ငံတကာ
ပါရီတွင် ကော်ဖီဆိုင်စားပွဲထိုးများ၏ စွမ်းရည်ပြိုင်ပွဲ ပြန်ကျင်းပ
DVB
·
March 25, 2024
ParisWaiters_25032024

ပြင်သစ်နိုင်ငံရဲ့ မြို့တော် ပါရီမြို့ဟာ သမိုင်းဝင် ကော်ဖီဆိုင်တွေက စားပွဲထိုးတွေရဲ့ စွမ်းရည်ပြိုင်ပွဲတွေကို ၁၃ နှစ်ကြာ ရပ်နားထားပြီးနောက် ပြိုင်ပွဲတွေ ပြန်စကျင်းပနေလို့ ပါရီမြို့က စားပွဲထိုးတွေ မတ် ၂၄ ရက်က ပါရီလမ်းတွေတလျှောက် သူတို့ရဲ့ဗန်းတွေကို သယ်ပြီး လျှောက်လှမ်းခဲ့ကြပါတယ်။

မြို့အနှံ့က ကော်ဖီဆိုင်တွေက စားပွဲထိုး အယောက် ၂၀၀ လောက်က ၁ ဒသမ ၂ မိုင်ရှည်တဲ့ လမ်းကြောင်းတလျှောက်မှာ ခွာဆွန့်မုန့်၊ ကော်ဖီတခွက်နဲ့ ရေတခွက်ကို ဗန်းတဗန်းနဲ့သယ်ပြီး ဒီပွဲကို ဝင်ရောက် ပူးပေါင်းခဲ့တာပါ။

မပြေးရ၊ ရေမဖိတ်ရ၊ လက်တဖက်တည်းနဲ့ ဗန်းကိုကိုင်ဖို့ စတဲ့ စည်းမျဉ်းတချို့ကို ချမှတ်ထားပါတယ်။

ဒီပြိုင်ပွဲကို ၁၉၁၄ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး ပွဲစီစဉ်သူတွေက ရန်ပုံငွေမရှာနိုင် ဖြစ်ခဲ့ပြီးတဲ့နောက် ၂၀၁၁ ခုနှစ်မှာ ဒီပွဲကို ရပ်နားခဲ့ရတာပါ။

အခုတော့ ပါရီမြို့တော်ခန်းမနဲ့ ရေအရင်းအမြစ် အာဏာပိုင်အဖွဲ့တို့ရဲ့ ယူရိုငွေတသိန်း ငွေကြေးပံ့ပိုးမှုနဲ့ ဒီပြိုင်ပွဲ ပြန်ရှင်သန်လာခဲ့ပါတယ်။

၂၀၂၄ ဆုရှင်တွေကို ပဲရစ်အိုလံပစ် ဖွင့်ပွဲအခမ်းအနား ဝင်ခွင့်လက်မှတ်တွေနဲ့ စားကောင်းသောက်ဖွယ် စားသောက်ခွင့်လက်မှတ်တွေ ချီးမြှင့်ခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013