Home
မြန်မာသတင်း
ဘော်ဆိုင်းမြို့၌ စစ်တပ် ဖမ်းဆီးထားသည့် ကျောင်းထိုင်ဆရာတော် မိသားစုနှင့် တွေ့ခွင့်မရ
DVB
·
March 25, 2024
BawZaingMonk_25032024
BawZaing_25032024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့၊ ကုန်းသာကျောင်း ကျောင်းထိုင်ဆရာတော် ဦးသုန္ဒရကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး မိသားစုဝင်နဲ့ ဆွေမျိုးတွေကို တွေ့ခွင့်မပေးဘူးလို့ မြို့ခံတဦးထံက သိရပါတယ်။

မတ် ၁၈ ရက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဓနုပြည်သူ့လွတ်‌မြောက်ရေးတပ်ဦး (DPLF) နဲ့ ပတ်သက်မှုရှိတယ် ဆိုပြီးတော့ စစ်တပ်က ဖမ်းသွားခဲ့တာလို့ ပြောပါတယ်။

ဘော်ဆိုင်းမြို့ခံတဦးက “DPLF တပ်သားကို လက်ခံထားတယ်၊ သူတို့ကို အားပေးအားမြှောက် လုပ်ပေးတယ် ဆိုပြီး ဖမ်းသွားတာ။ ဖမ်းသွားကတည်းက ခုထိ ဘယ်သူနဲ့မှ တွေ့ခွင့်မပေးဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးပြီးနောက် မတ် ၁၉ ရက်မှာ ဦးသုန္ဒရကို လူဝတ်လဲခိုင်းပြီး ကလောစစ်ကြေားရေးကို ပို့ဆောင်ခဲ့တယ်လို့ နီးစပ်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က စစ်ကားလေးစီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကုန်းသာဘုန်းကြီးကျောင်းမှာ တည်းနေတဲ့ လူငယ် ၁၇ ဦးကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) မှာ သင်တန်းတက်ဖို့ လူစုတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားခဲ့ပါသေးတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် ၁၇ ဦးလည်း အခုထိ လွတ်‌မြောက်ခြင်းမရှိသေးဘဲ တချို့က နိုင်ငံရေးပုဒ်မတခုနဲ့ တရားစွဲခံနေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013