မန်ယူနိုက်တက်အသင်းမှာ သူငယ်ချင်းတဦးထက်ပိုတဲ့ ဆက်ဆံရေးရှိတဲ့အသင်းဖော်ကို အန်တိုနီက ထုတ်ဖော် ပြောကြားသွားပါတယ်။
အန်တိုနီဟာ အသင်းအတွက် စုစုပေါင်းပွဲ ၃၀ မှာ ဂိုးပါဝင်ပတ်သက်မှု ၃ ကြိမ်သာရှိပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
ခက်ခဲတဲ့အချိန်မှာ အားပေးမှုတွေနဲ့ အကြံပေးမှုတွေ လုပ်ဆောင်ပေးသူက နောက်ခံလူ ဒီယေဂိုဒါလော့ ဖြစ်ပြီး နေ့စဉ် ကူညီပေးမှုတွေအတွက် ကျေးဇူးတင်ရှိကြောင်း အန်တိုနီက ပြောပါတယ်။
အန်တိုနီက “သူက သူငယ်ချင်းတဦးထက် ပိုပါတယ်။ နေ့တိုင်း ကျနော့်အပေါ် ကူညီဖေးမပေးပြီး တဦးနဲ့တဦးလည်း အကြံပေး တိုက်တွန်းတာတွေ လုပ်လေ့ရှိတယ်”လို့ ပြောပါတယ်။
ဘရာဇီးတိုက်စစ်ကစားသမားဟာ ၂၀၂၂ ခုနှစ်က အိုင်းယက်စ်ကနေ ပေါင် ၈၆ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့စွမ်းဆောင်ရည် မပြသနိုင်ဘူးလို့ ဝေဖန်ခံနေရပါတယ်။
Photo-REUTERS/Phil Noble