Home
အားကစား
နောက်ခံလူ ဘရန့်ဝိတ်ကို မန်စီးတီး အပါအဝင် ထိပ်တန်းကလပ်များ အပြိုင်ခေါ်ယူမည်
DVB
·
March 25, 2024
Premier League - Everton v Tottenham Hotspur

အင်္ဂလန်လက်ရွေးစင်ဖြစ်လာတဲ့ အဲဗာတန်နောက်ခံလူ ဘရန့်ဝိတ်ကို မန်စီးတီး အပါအဝင် ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေက အပြိုင်အဆိုင်ခေါ်ယူဖို့ ကြိုးပမ်းတော့မယ်လို့သိရပါတယ်။

အသက် ၂၁ နှစ်ရှိ အဲဗာတန်နောက်ခံလူဟာ နည်းပြဆောက်ဂိတ်ရဲ့ လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပြီးနောက် ထိပ်တန်းကလပ်တွေရဲ့ စောင့်ကြည့်ခြင်းခံနေရတာပါ။

အထူးသဖြင့် မန်စီးတီးအသင်းက လက်ဦးမှုရယူနိုင်ဖို့ လုပ်ဆောင်နေပြီး အဲဗာတန်အသင်းဘက်က ပေါင်သန်း ၆၀ လောက်ရရှိဖို့ ဆန္ဒရှိနေပါတယ်။

အရပ် ၆ ပေ ၅ လက်မ အမြင့်ရှိတဲ့ ဗဟိုနောက်ခံလူကို စပါးနဲ့ မန်ယူအသင်းတို့ကလည်း စိတ်ဝင်စားနေပြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Photo-Reuters/Jason Cairnduff

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013