Home
အားကစား
ဒဏ်ရာပြဿနာရှိနေသည့် မက်ဂွဲယားကို အင်္ဂလန်အသင်း အိမ်ပြန်စေလွှတ်
DVB
·
March 25, 2024
Harry Maguire_25032024

ဒဏ်ရာပြဿနာတွေရှိနေတဲ့ အင်္ဂလန်အသင်းဟာ နောက်ခံလူမက်ဂွဲယားကို ဒဏ်ရာကြောင့် အိမ်ပြန်လွှတ်ခဲ့ရပါတယ်။

မက်ဂွဲယားဟာ ဘရာဇီးကို တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့လို့ ဒုတိယပိုင်းမှာ လူစားလဲခဲ့ရတာပါ။

ဒဏ်ရာအခြေအနေကို စစ်ဆေးဖို့ လိုအပ်တာကြောင့် အင်္ဂလန်အသင်းက မိခင်ကလပ် မန်ယူအသင်းဆီ ပြန်လည်စေလွှတ်ခဲ့တာပါ။

အင်္ဂလန်လူစာရင်းမှာ နောက်ခံလူ ဝေါ်ကာနဲ့ ဂိုးသမား ဂျွန်စတုန်းတို့ဟာလည်း ဒဏ်ရာပြဿနာတွေကြောင့် အိမ်ပြန်စေလွှတ်ခဲ့ရပါသေးတယ်။

ဂိုးသမား ဂျွန်စတုန်းနေရာမှာတော့ ယူ-၂၁ ဂိုးသမားထရတ်ဖို့ဒ်ကို အစားထိုး ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် ဟယ်ရီကိန်းနဲ့ ဆာကာတို့ကိုလည်း အစောပိုင်းကတည်းက အိမ်ပြန်စေလွှတ်ခဲ့ရပြီး ဘယ်လ်ဂျီယံနဲ့ပွဲမှာ ကစားသမားသစ်တွေကို ပွဲထုတ်သွားရဖို့ ရှိပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013