Home
အားကစား
ယူရိုပြိုင်ပွဲမတိုင်ခင် အနာဂတ်ကို ထုတ်ပြန်မည်ဟု တိုက်စစ်မှူး အမ်ဘာပေ ပြော
DVB
·
March 25, 2024
International Friendly - France Press Conference

၂၀၂၄ ယူရိုပြိုင်ပွဲမတိုင်ခင်မှာ အနာဂတ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်မယ်လို့ တိုက်စစ်မှူး အမ်ဘာပေ က ပြောသွားပါတယ်။

အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားတယ်လို့ ခိုင်မာတဲ့သတင်းတွေ ထွက်ပေါ်နေတာပါ။

ပြင်သစ်အသင်းနဲ့ အတူပူးပေါင်းလေ့ကျင့်နေတဲ့ အမ်ဘာပေရဲ့ အနာဂတ်နဲ့ပတ်သက်လို့ မီဒီယာတွေက မေးမြန်းခဲ့ရာမှာ ယူရိုပြိုင်ပွဲမတိုင်ခင် သိရလိမ့်မယ်လို့ အမ်ဘာပေက ပြန်လည်ဖြေကြားခဲ့တာပါ။

အမ်ဘာပေက “ယူရိုပြိုင်ပွဲမတိုင်ခင်မှာပဲ ကျနော့် အနာဂတ်ကို လူတွေ သိကြရပါလိမ့်မယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ အေးအေးဆေးဆေးပါပဲ”လို့ Telefoot သတင်းစာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

အမ်ဘာပေအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဘယ်လင်ဂမ်နဲ့ ဗင်နီဆီးယက်စ်တို့ ရရှိနေတဲ့ တနှစ်လုပ်ခ ပေါင် ၁၀ ဒသမ ၃သန်း ထက်ပိုမိုရရှိမယ်လို့ သိရပါတယ်။ 

Photo-REUTERS/Benoit Tessier

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013