Home
အားကစား
ရှုံးပွဲတွေ့ခဲ့သော်လည်း ခြေစွမ်းပြကစားနိုင်ခဲ့ဟု အင်္ဂလန်နည်းပြဆောက်ဂိတ် ပြော
DVB
·
March 24, 2024
International Friendly - England v Brazil

ဘရာဇီးနဲ့ ခြေစမ်းပွဲမှာ ရှုံးပွဲတွေ့ခဲ့ရပေမဲ့ ခြေစွမ်းပြ ကစားနိုင်တဲ့ အခြေအနေတွေ အများကြီးရှိကြောင်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြောပါတယ်။

ထိပ်တန်းအဆင့် ပွဲစဉ်တပွဲဖြစ်ခဲ့ပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့တဲ့ အစိတ်အပိုင်းတွေ ရှိခဲ့ကြောင်း၊ ဘောလုံးပွဲ ရှုံးနိမ့်တာ မနှစ်သက်ပေမဲ့ ကွဲပြားခြားနားမှုက အခိုက်အတန့် တခုဖြစ်ပြီး ခံစစ်ပိုင်းက ပိုမိုကောင်းမွန်ခဲ့သင့်ကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။

အသင်းမှာ လူစုံတက်စုံမကစားနိုင်ခဲ့တဲ့အပြင်၊ ပွဲဦးထွက်ကစားရတဲ့ လူငယ်ကစားသမားတွေလည်း ရှိတာကြောင့် တဦးချင်း စွမ်းဆောင်ရည်တွေက အရေးပါခဲ့ကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။

အင်္ဂလန်အသင်းမှာ နယူးကာဆယ်တိုက်စစ်ကစားသမား ဂေါ်ဒွန်နဲ့ မန်ယူကွင်းလယ်လူ မိန်နူး၊ ဗီလာနောက်ခံလူ ကွန်ဆာတို့က ပွဲဦးထွက်ပွဲစဉ်အဖြစ် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ 

Photo-Reuters/Peter Cziborra

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013