အိန္ဒိယရေတပ်ကွန်မန်ဒိုတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်က မော်လ်တာအလံတင် ကုန်သည်သင်္ဘော MV Ruen ပေါ်မှာ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခေါ်ဆောင်လာခဲ့တဲ့ ဆိုမာလီ ပင်လယ်ဓားပြ ၃၅ ဦးဟာ မတ်လ ၂၃ ရက် စနေနေ့မှာ မွမ်ဘိုင်းမြို့ကို ရောက်လာကြပါတယ်။
ရေတပ်ဟာ မကြာသေးခင်က သင်္ဘောတွေနဲ့ အမှုထမ်းတွေကို ကယ်ဆယ်ခဲ့တဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ပြီးနောက်မှာ ပင်လယ်ဓားပြတွေကို လက်နက်ဖြုတ်သိမ်းပြီး ပင်လယ်ထဲမှာ ထားခဲ့တာ ဖြစ်ပါတယ်။
ဒီပင်လယ်ဓားပြတွေကို တရားဥပဒေစိုးမိုးရေးအေဂျင်စီတွေဆီ လွှဲပြောင်းပေးအပ်မှာ ဖြစ်ကြောင်း တာဝန်ရှိသူတဦးက မတ် ၂၀ ရက် ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
ပင်လယ်ဓားပြတွေအပေါ် စွဲချက်အတိအကျကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း အဲဒီအရာရှိက ပြောဆိုပါတယ်။
MV Ruen သင်္ဘောကို ဒီဇင်ဘာ ၁၄ ရက်က အာရေဗျပင်လယ်မြောက်ပိုင်းရှိ အရှေ့ဘက် ရေမိုင် ၄၅၀ အကွာက ဆိုကိုထရာမှာ ဆိုမာလီပင်လယ်ဓားပြတွေက ပြန်ပေးဆွဲခဲ့တာပါ။
ဆိုမာလီပင်လယ်ဓားပြတွေရဲ့ တိုက်ခိုက်မှု အထွတ်အထိပ်ကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးဟာ ခန့်မှန်းခြေ ဒေါ်လာ ၇ ဘီလီယံ ဆုံးရှုံးခဲ့ပါတယ်။
Source/Photo-REUTERS/Hemanshi Kamani