အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်ရင်း ဒဏ်ရာရရှိခဲ့တဲ့ အာဆင်နယ် တောင်ပံကစားသမား ဆာကာဟာ အသင်းလေ့ကျင့်ရေးကွင်းကနေ ထွက်ခွာသွားပါတယ်။
အင်္ဂလန်အသင်းဟာ လာမယ့် မတ် ၂၄ ရက်နဲ့ ၂၇ ရက်တွေမှာ ဘရာဇီး၊ ဘယ်လ်ဂျီယံ အသင်းတွေနဲ့ ခြေစမ်းကစားသွားဖို့ ရှိတာပါ။
ဒေးလီးမေးလ်သတင်းစာရဲ့ အဆိုအရ အင်္ဂလန်တောင်ပံကစားသမား ဆာကာဟာ အမျိုးအမည်မသိနိုင်သေးတဲ့ဒဏ်ရာ ရရှိခဲ့လို့ အသင်းလေ့ကျင့်ရေးကွင်းကနေ ထွက်ခွာသွားတယ်လို့ သိရပါတယ်။
အလားတူ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းဟာလည်း အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်နိုင်ခြင်း မရှိသေးတာကြောင့် ဘရာဇီးနဲ့ ခြေစမ်းပွဲမှာ စွန့်စားပြီး အသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
နည်းပြဆောက်ဂိတ် အနေနဲ့ ဟယ်ရီကိန်းနေရာမှာ အိုလီဝက်ကင်စ်နဲ့ အိုင်ဗန်တိုနေးတို့ကို အသုံးပြုဖို့ လျာထားပြီး ဘိုဝင်၊ ဂေါ်ဒွန်နဲ့ ဘယ်လင်ဂမ် တို့ဟာလည်း အထောင်တိုက်စစ်မှူး နေရာမှာ ကစားနိုင်သူတွေဖြစ်ကြောင်း ပြောထားပါတယ်။
Photo-Reuters