စပိန်ရဲတပ်ဖွဲ့ဟာ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် မက်ဒရစ်မြို့ရှိ စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ရဲ့ ဌာနချုပ်ကို မတ် ၂၀ ရက်က ရှာဖွေခဲ့ကြောင်း အစိုးရရှေ့နေရုံးက ပြောပါတယ်။
ဒီစစ်ဆင်ရေးဟာ လုပ်ငန်းမှာ အဂတိလိုက်စားမှု၊ တရားမျှတမှုမရှိတဲ့ စီမံခန့်ခွဲရေးနဲ့ ငွေကြေးခဝါချမှုတို့နဲ့ ဆက်စပ်နေတဲ့ ပိုကျယ်ပြန့်တဲ့ စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။
ရဲတပ်ဖွဲ့ဟာ ဂရန်နာဒါမြို့လယ် အဆောက်အအုံရှိ ဘောလုံးအဖွဲ့ချုပ် အကြီးအကဲဟောင်း ရူဘီအာလ်စ်ရဲ့ နေအိမ် အပါအဝင် နိုင်ငံတဝန်းမှာ စုစုပေါင်း ရှာဖွေမှု ၁၁ ခု ပြုလုပ်ခဲ့ပြီး အစိုးရရှေ့နေက လူခုနှစ်ဦးလောက်ကို ဖမ်းဆီးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
မနှစ်က စပိန် အမျိုးသမီး ကမ္ဘာ့ဖလား အောင်ပွဲခံပြီးနောက် အခမ်းအနားမှာ ရူဘီအာလ်စ်က ကစားသမား ဂျန်နီဟာမိုဆိုကို ခွင့်မတောင်းဘဲ နမ်းခဲ့လို့ ရာထူးကနေ နုတ်ထွက်ခဲ့ရတာပါ။
Source/Photo-Reuters