ဗီယက်နမ်ကွန်မြူနစ်ပါတီဟာ မတ် ၂၀ ရက်မှာ သမ္မတ ဗိုဗန်သူအန်ရဲ့ နုတ်ထွက်စာကို လက်ခံခဲ့တယ်လို့ အစိုးရက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဗီယက်နမ်နိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ထိခိုက်နိုင်တဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေရဲ့ လက္ခဏာအဖြစ် “အားနည်းချက်တွေ” ကို ကိုးကားပြီး ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
သမ္မတက ပါတီစည်းမျဥ်းစည်းကမ်းတွေကို ဖောက်ဖျက်ခဲ့ပြီး ဒီချို့ယွင်းချက်တွေဟာ လူထုအမြင်ကို ထိခိုက်စေခဲ့တယ်၊ ပါတီ၊ နိုင်ငံတော်နဲ့ ပုဂ္ဂိုလ်ရေးအရ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ အစိုးရက ထည့်ပြောခဲ့ပါတယ်။
သမ္မတတာဝန်ဟာ အဆောင်အယောင် အခန်းကဏ္ဍကို ရထားပေမဲ့ ဗီယက်နမ်မှာတော့ ဒီရာထူးဟာ ထိပ်တန်းနိုင်ငံရေးရာထူး လေးခုထဲက တခုပါ။
သမ္မတဟာ ပါတီရဲ့ ထိပ်တန်း ပေါ်လစ်ဗျူရိုထဲမှာ အသက်အငယ်ဆုံး အဖွဲ့ဝင်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံရဲ့ အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဝင်ဖူထရောင်နဲ့ နီးစပ်သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူခံထားရပါတယ်။
ဝင်ဖူထရောင်ကတော့ ရာချီတဲ့ အရာရှိတွေကို စုံစမ်းစစ်ဆေးပြီး သမ္မတဟောင်း ဝင်စွမ်ပူ၊ ဒုတိယဝန်ကြီးချုပ်နှစ်ဦး အပါအဝင် လူအများအပြားကို ရာထူးစွန့်အောင် ဖိအားပေးရင်း အကျင့်ပျက်ခြစားမှု နှိမ်နင်းရေးမှာ ပါတီရဲ့ “တောက်လောင်နေတဲ့ မီးပြင်းဖိုကြီးရဲ့ အဓိက ဗိသုကာပညာရှင် ဖြစ်တယ်” လို့ မီဒီယာတွေက သုံးသပ် ဖော်ပြထားပါတယ်။
Source/Photo-Reuters