ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းဟာ ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီးဆင်ကို မတ် ၂၀ ရက်မှာ ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်မြို့က အစိုးရအိမ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
သူ့ခရီးစဉ်အတွင်း ကင်မရွန်းဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေး၊ သိပ္ပံ၊ နည်းပညာနဲ့ ဆန်းသစ်တီထွင်မှုဆိုင်ရာ နယ်ပယ်တွေမှာ အပြန်အလှန်ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
ထိုင်းနဲ့ ဗြိတိန်တို့ဟာ သူတို့ရဲ့ ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် တရားဝင်ကြေညာဖို့ စီစဉ်ထားတယ်လို့လည်း ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဗြိတိန်ဟာ ထိုင်းနိုင်ငံနဲ့ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်တဲ့ ပထမဆုံး ဥရောပနိုင်ငံ ဖြစ်လာပါတယ်။
Source/Photo-Reuters