အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ မတ် ၂၀ ရက်က ဂျဒ်ဒါဆိပ်ကမ်းမြို့မှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်နဲ့ တွေ့ဆုံခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေကို ဆွေးနွေးခဲ့ကြကြောင်း ဆော်ဒီအာရေဗျ မီဒီယာက ဖော်ပြပါတယ်။
ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ကြိုးပမ်းနေချိန်မှာ အန်တိုနီ ဘလင်ကန်ဟာ အိမ်ရှေ့မင်းသားနဲ့ မတွေ့ဆုံခင်မှာ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်လ်ဘင်န် ဖာရန်အယ်လ်ဆောဒ်နဲ့ လည်း အရင်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးက“ဒါဟာ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေရဲ့ ဆွဲငင်အားကို ညွှန်ပြနေပြီး အမေရိကန်ပြည်ထောင်စုကလည်း အဲဒီကနေ ထွက်ပေါက်တွေ့ဖို့ ကြိုးစားနေတာပါ” လို့ ပြောပါတယ်။
မတ် ၂၁ ရက်မှာ ဘလင်ကန်ဟာ အီဂျစ်၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ ဂျော်ဒန်၊ ယူအေအီးရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနဲ့ ပါလက်စတိုင်း ထိပ်တန်းအရာရှိတဦးတို့ ကိုင်ရိုမှာ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။
မတ် ၁၉ ရက်က အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုဟာ ဂါဇာကမ်းမြောင် တောင်ဘက်ခြမ်းရှိ လူပေါင်း ၂ ဒသမ ၃ သန်းရဲ့ ထက်ဝက်ကျော် ခိုလှုံနေကြတဲ့ ရာဖာမြို့ကို မြေပြင်ထိုးစစ်ဆင်မယ့် အစီအစဉ်ကို ရပ်ဆိုင်းဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ပန်ကြားချက်ကို ငြင်းဆိုခဲ့ပါတယ်။
Source/Photo-Reuters