Home
မြန်မာသတင်း
ကနီမြို့နယ်ရှိ စစ်ရှောင်အမျိုးသမီးများအတွက်  လစဉ်သုံးပစ္စည်းများ ထောက်ပံ့
DVB
·
March 21, 2024
Aid 2132024

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ စစ်ဘေးရှောင်အမျိုးသမီး ၅၀၀ ကျော်အတွက် အမျိုးသမီးဝတ် အတွင်းခံနဲ့ အမျိုးသမီးလစဉ်သုံး (Pad) တွေ လှူဒါန်းပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဆီက သိရပါတယ်။

မတ် ၂၀ ရက်မှာ စစ်ရှောင်တွေက အမျိုးသမီး အသုံးအဆောင်ပစ္စည်းတွေ လိုအပ်ကြောင်း တောင်းဆိုတဲ့အတွက် သွားရောက်လှူဒါန်းပေးခဲ့တာလို့လည်း သိရပါတယ်။

စစ်ရှောင်အမျိုးသမီး အယောက် ၅၀၀ ကျော်အတွက် ကျပ်သိန်း ၂၀ ကျော် ကုန်ကျခဲ့တယ်လို့လည်း သိရပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက “စစ်ရှောင်တွေထဲမှာ အမျိုးသမီးက ၆၅ ရာခိုင်နှုန်း ရှိတယ်ဗျ။ အနာဂတ်အလင်းတန်းအဖွဲ့ရဲ့ ကူညီမှုနဲ့ပေါ့ ကျနော်တို့က သွားလှူပေးတာပါ။ စစ်ရှောင်တွေက စားနပ်ရိက္ခာတွေလည်း အရမ်းလိုအပ်နေပါတယ်” လို့ ပြောပါတယ်။

မတ် ၂ ရက်ကစလို့ ကနီမြို့ပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့အတွက် မြို့ခံတွေနဲ့ အနီးဝန်းကျင်ကျေးရွာက ပြည်သူတွေ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024