Home
မြန်မာသတင်း
ဝိုင်းမော်မြို့နယ်၌ ရွာချင်းဆက်တံတားကို စစ်ကောင်စီတပ် မိုင်းခွဲဖျက်ဆီး
DVB
·
March 21, 2024
bridge 2132024

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းက ကျေးရွာချင်းဆက် ကွန်ကရစ်တံတားတခုကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာနဲ့ ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာကြားက ကွန်ကရစ်တံတားတခုကို မတ် ၁၉ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“မိုင်းနဲ့ ဖောက်ခွဲလိုက်တာ။ တချက် အသံအကျယ်ကြီး ကြားရတယ်။ စန်းကားရွာ အောက်ဘက်က ခန်လုံးတံတားကို မိုင်းခွဲဖျက်ဆီးပစ်လိုက်တာ။”

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ စန်းကားကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာချင်းဆက် ကွန်ကရစ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့တာပါ။

ခန်လုံး ကျေးရွာချင်းဆက် ကွန်ကရစ်တံတားဟာ အင်လုံခချောင်းကို ဖြတ်သန်း တည်ဆောက်ထားတာဖြစ်ပြီး ခတ်ချိုကျေးရွာ၊ စန်းကားကျေးရွာ၊ မိုင်းမောကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်လောက်ကို သွားလာလို့ရအောင် တည်ဆောက်ထားတဲ့ တံတား ဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းမှာ မတ် ၇ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ KIA တပ်တွေတို့  တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

ပုံ cj

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013