Home
နိုင်ငံတကာ
ဘိုလီးဗီးယားတွင် ကိုကင်း ၇ တန်ကျော် သိမ်းဆည်းမိ
DVB
·
March 20, 2024
Bolivia Cocaine_20032024

ချီလီနိုင်ငံနဲ့ နယ်စပ်နားက ဘိုလီးဗီးယားနိုင်ငံအတွင်း ဒေသတခုမှာ သတ္တုအပိုင်းအစတွေထဲ ဝှက်ထားတဲ့ ကိုကင်း ခုနစ်တန်ကျော်ကို ဘိုလီးဗီးယားအာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့တယ်လို့ တာဝန်ရှိသူတွေက မတ် ၁၈ ရက်မှာ ပြောလိုက်ပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဟာ ဘယ်လ်ဂျီယံနိုင်ငံဆီပို့မယ့် သိမ်းဆည်းရမိတဲ့ ကုန်သေတ္တာ သုံးခုထဲကနေ ကိုကင်း ၇ ဒသမ ၂၈ဝ တန်ကို တွေ့ခဲ့တယ်လို့ ပြောပါတယ်။

အိုဂူရိုမြို့က ပီစီဂါ အကောက်ခွန်ဌာနမှာ မတ် ၁၄ ရက်က ကုန်တင်ကားနှစ်စီးပေါ်က ကုန်သေတ္တာနှစ်လုံးကို စစ်ဆေးပြီးတဲ့နောက် မူးယစ်ဆေးဝါးတွေကို အာဏာပိုင်တွေက တွေ့ရှိခဲ့တာပါ။

အိုရူရို အမျိုးသား အကောက်ခွန်ဌာနဆီ သွားတဲ့လမ်းမှာ ကုမ္ပဏီတခုတည်းက တတိယကုန်ကားက တခြားကုန်သေတ္တာတလုံးကို ရွှေ့နေတာ ထပ်တွေ့ခဲ့ပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်မှု စွဲချက်တွေနဲ့ သံသယရှိသူ သုံးဦးကို ဖမ်းဆီးထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013