ဖိလစ်ပိုင်နဲ့ တရုတ်ပြည်မကြီး အစိုးရတို့ကြား ပင်လယ်ပိုင်နက် အငြင်းပွားမှုတွေမှာ ဝင်စွက်ဖက်ဖို့ အမေရိကန်မှာ အခွင့်အရေးမရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မော်နင်က မတ် ၁၉ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်က ကိုယ့်ပိုင်နက်ကို ကာကွယ်ဖို့ လိုအပ်သလို အရေးယူဆောင်ရွက်မယ်လို့လည်း သူက ပြောပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့လုပ်ရပ်တွေဟာ ပိုကျယ်ပြန့်တဲ့ နိုင်ငံတကာ တုံ့ပြန်မှုတွေကို ဖြစ်စေပြီး နိုင်ငံတကာဥပဒေကို ပြန်အတည်ပြုဖို့ ပြင်းထန်တဲ့ သံခင်းတမန်ခင်းတွေကို အမေရိကန်က ပါဝင်ဆောင်ရွက်နေတယ်လို့ ဖိလစ်ပိုင်နိုင်ငံဆီ အလည်အပတ်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မတ် ၁၉ ရက်မှာ ပြောပါတယ်။
အမေရိကန်နဲ့ ဖိလစ်ပိုင်ကြား နှစ်စဉ် ကျင်းပနေကျ စစ်ရေးလေ့ကျင့်မှုတွေဟာ နောက်ပိုင်းမှာ ပိုကျယ်ပြန့်လာပြီး တောင်တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်နားမှာ လေကြောင်းနဲ့ ပင်လယ်ရေကြောင်း ပူးတွဲကင်းလှည့်တာပါ ပါဝင်လာခဲ့တာပါ။
တရုတ်က ဒီလုပ်ရပ်ကို ကျူးကျော်ရန်စမှုလို့ ရှုမြင်ထားပါတယ်။ ဖိလစ်ပိုင်ရဲ့ သီးသန့် စီးပွားရေးဇုန်ထဲမှာ အငြင်းပွားလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ထပ်ခါတလဲလဲ ကတောက်ကဆ ဖြစ်ခဲ့ပြီးတဲ့နောက် ဖိလစ်ပိုင်နဲ့ တရုတ်ကြား ဆက်ဆံရေးက မချိုမြိန်ဘဲ ဖြစ်လာခဲ့တာပါ။
တရုတ်ကမ်းရိုးတန်းစောင့်တပ်တွေရဲ့ မူဝါဒက ရန်လိုနေတယ်လို့ ဖိလစ်ပိုင်အစိုးရက စွပ်စွဲထားပါတယ်။
Source/Photo-REUTERS/Adrian Portugal