Home
နိုင်ငံတကာ
ပင်လယ်ပြင်ပိုင်နက်ကာကွယ်ရေး ဖိလစ်ပိုင်၊ ဂျပန်နှင့် အမေရိကန် ဆွေးနွေးမည်  
DVB
·
March 20, 2024
Blinken Philippines_2003

ဖိလစ်ပိုင်၊ ဂျပန်နဲ့ အမေရိကန် ခေါင်းဆောင်တွေဟာ လာမယ့်လမှာ ဖိလစ်ပိုင်အစိုးရရဲ့ ပင်လယ်ပြင်ပိုင်နက်ဆိုင်ရာ အခွင့်အရေးကို ကာကွယ်ဖို့ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ကျင်းပမယ့် ပထမဆုံး သုံးနိုင်ငံထိပ်သီး ဆွေးနွေးပွဲမှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

တရုတ်အစိုးရနဲ့ စစ်ရေးပဋိပက္ခအတွက် အစစ်အမှန် ပေါက်ကွဲလုနီးပါး အခြေအနေ အဖြစ် သတ်မှတ်ထားတဲ့ ကိစ္စရပ်ဖြစ်တဲ့ တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားရေပိုင်နက်နဲ့ ပတ်သက်လို့ တင်းမာမှုတွေ တိုးမြင့်လာနေချိန်မှာ ခုလို တွေ့ဆုံဆွေးနွေးကြမှာပါ။

ဒီအရေးမှာ ဖိလစ်ပိုင်အစိုးရရဲ့ ပင်လယ်ပြင်ဆိုင်ရာ အခွင့်အရေးကို ကာကွယ်ပေးရာမှာ ကူညီဖို့ ဂျပန်ကို ဆွဲသွင်းတာလည်း ဖြစ်ပါတယ်။

အငြင်းပွားရေပိုင်နက်အတွင်း တင်းမာမှုတိုးလာလို့ ဖိလစ်ပိုင်အစိုးရက တကယ်ပေါက်ကွဲလုနီးပါး အခြေအနေအဖြစ် ကြေညာခဲ့ရပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြီးခဲ့တဲ့လက “မုန်တိုင်းထန်တဲ့ ပင်လယ်ပြင်” အခြေအနေအတွက် စစ်တပ်က တုံ့ပြန်ရေး ပြင်ဆင်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။

တရုတ်ရဲ့ ရန်လိုမှုကို ရင်ဆိုင်ဖို့နောင်မှာ 'နေတိုးအမျိုးအစားမဟာမိတ်' တရပ် ပေါ်လာခဲ့ရင် တရုတ်မှာသူ့ကိုယ်သူကလွဲလို့ ဘယ်သူ့ကိုမှ အပြစ်ပုံချစရာ မရှိဘူးလို့ လေ့လာသုံးသပ်သူတဦးကို ကိုးကားပြီး South China Morning Post  သတင်းမှာ မတ် ၁၉ ရက်က ရေးသားဖော်ပြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ဖိလစ်ပိုင်နိုင်ငံကိုရောက်နေချိန်မှာ ဆီမီး ကွန်ဒတ်တာလုပ်ငန်းကို မတ် ၁၉ ရက်က သွားရောက်ကြည့်ရှု ချီးကျူးခဲ့ပြီး မဟာမိတ်နှစ်နိုင်ငံကြား ဆက်ဆံရေးခိုင်မာဖို့ အရေးကြီးတယ်လို့ အလေးပေးပြောဆိုခဲ့ပါတယ်။

ခရီးစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အန်းဒရစ်ကေးမနာလိုနဲ့ရော သမ္မတ  ဖာဒီနန် မားကို့စ်ဂျူနီယာနဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက တောင်တရုတ်ပင်လယ်အတွင်း လတ်တလော အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်တယ်လို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အလည်အပတ်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကို ပြောခဲ့ပါတယ်။

မာနာလိုက ဖိလစ်ပိုင်နိုင်ငံဟာ စည်းမျဉ်းအခြေခံအမိန့်နဲ့ အညီအငြင်းပွားမှုတွေကို စီမံခန့်ခွဲဖို့ ကတိပြုထားတယ်လို့ ပြောခဲ့ပါတယ်။

အလားတူ သတင်းစာရှင်းလင်းပွဲမှာ ဘလင်ကန်က တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်ခဲ့ကြပြီး နိုင်ငံတကာဥပဒေကို ပြန် အတည်ပြုဖို့ အမေရိကန်ပြည်ထောင်စုဟာ ခိုင်မာတဲ့ သံခင်းတမန်ခင်းရေးရာ ဆောင်ရွက်ချက်မှာ ပါဝင်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့ဟာ မကြာသေးမီလတွေအတွင်း မဟာဗျူဟာကျသော ရေကြောင်း လမ်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ဒေါ်လာထရီလျံချီပြီး တန်ဖိုးရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းရှိရာ တောင်တရုတ်ပင်လယ်အတွင်း တဖက်နဲ့ တဖက် အပြန်အလှန် ပြစ်တင်ရှုတ်ချရင်း ဆန့်ကျင်ကန့်ကွက်ခဲ့ ကြပါတယ်။

Source/Photo-REUTERS/Evelyn Hockstein

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013