တိုက်စစ်မှူးဟာလန်းရဲ့ ဒဏ်ရာပြင်းထန်မှုမရှိကြောင်း နော်ဝေအသင်းဆရာဝန်က အတည်ပြု သွားပါတယ်။
မန်စီးတီးတိုက်စစ်မှူးဟာ နော်ဝေအသင်းနဲ့ လေ့ကျင့်ရာမှာ အသေးစား ဒဏ်ရာရရှိပြီး နာကျင်ဝေဒနာ ခံစားခဲ့ရတာပါ။
ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ တွေ့ဆုံရမယ့် မန်စီးတီးအသင်းအတွက် ဟာလန်းဒဏ်ရာရခဲ့တာက သတင်းဆိုးဖြစ်ခဲ့ပေမဲ့ ဒဏ်ရာပြင်းထန်းမှုမရှိခဲ့တာကြောင့် သက်သာရာရခဲ့တာပါ။
ဟာလန်းရဲ့ ဒဏ်ရာက ပြင်းထန်မှုမရှိတာကြောင့် နော်ဝေအသင်းနဲ့အတူ ဆက်လက် လေ့ကျင့်ခန်းဆင်းမှာဖြစ်ကြောင်း အသင်းဆရာဝန်က အတည်ပြုပါတယ်။
နော်ဝေအသင်းဟာ လာမယ့် မတ် ၂၂ ရက်မှာ ချက်၊ မတ် ၂၇ ရက်မှာ ဆလိုဗက်ကီးယားအသင်းတွေနဲ့ ခြေစမ်းသွားမှာ ဖြစ်ပါတယ်။
Photo-Reuters