Home
အားကစား
လီဗာပူးကိုနိုင်ပြီး ဆီမီးဖိုင်နယ်တက်သွားသည့် မန်ယူအသင်းကို ရွိုင်ကိန်း ချီးကျူး
DVB
·
March 18, 2024
Manu_18032024

အက်ဖ်အေဖလားကွာတားဖိုင်နယ်မှာ မန်ယူအသင်းကို အနိုင်ယူခဲ့တာက မန်ယူအတွက် ယုံကြည်မှု တိုးပွားစေကြောင်း အသင်းကစားသမားဟောင်း ရွိုင်ကိန်းက ပြောသွားပါတယ်။

မန်ယူအသင်းဟာ မတ် ၁၇ ရက်ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ လီဗာပူးကို အချိန်ပိုအထိ ယှဉ်ပြိုင်ကာ ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ခဲ့တာပါ။

လီဗာပူးနဲ့ တွေ့ချိန်မှာ သရေတမှတ်အတွက် ခံစစ်ပိတ်ကစားတတ်လို့ ဝေဖန်ခံခဲ့ရပေမဲ့ မနေ့ညကပွဲမှာတော့ အဲဒီလို မဟုတ်ခဲ့ ကြောင်း၊ နိုင်ပွဲဟာ အသင်းအတွက် ယုံကြည်မှု တိုးပွားစေပြီး ကြီးမားတဲ့အောင်ပွဲဖြစ်ကြောင်း ရွိုင်ကိန်းက ချီးကျူးပါတယ်။

မန်ယူအသင်းဟာ ဆီမီးဖိုင်နယ်မှာ ကိုဗင်ထရီအသင်းနဲ့ တွေ့ဆုံခဲ့ပြီး တဖက်မှာတော့ မန်စီးတီးနဲ့ ချဲလ်ဆီးတို့  ထိပ်တိုက် တွေ့ဆုံခဲ့ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013