Home
နိုင်ငံတကာ
ယူကရိန်း၏ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းမှုများကို ချေမှုန်းနိုင်ဟု ရုရှား ထုတ်ပြန်
DVB
·
March 17, 2024
Ukraine attack Russia_17032024

ယူကရိန်းဘက်ကနေ ရုရှားရဲ့ ပိုင်နက်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးပမ်းမှု အများအပြားကို ရုရှားက ချေမှုန်းခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၁၆ ရက်မှာ ပြောပါတယ်။

မကြာသေးမီ ရက်ပိုင်းအတွင်းက ဆက်တိုက်ဆိုသလို စီးနင်းမှုရဲ့ နောက်ဆုံးအကြိမ်လို့လည်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။ 

ထုတ်ပြန်ချက်ကို သီးခြားအတည်မပြုနိုင်သလို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖြန့်ချိတဲ့  ဗီဒီယိုကို ရိုက်ကူးခဲ့တဲ့ တည်နေရာနဲ့ ရက်စွဲကို သီးခြားအတည်မပြုနိုင်ပါဘူး။ 

သုံးရက်ကြာ သမ္မတ ရွေးကောက်ပွဲအတွင်း ရုရှားနိုင်ငံသားတွေက တနင်္ဂနွေနေ့မှာ မဲပေးနေတုန်း ရုရှားနယ်စပ် ဘယ်လ်ဂိုရော့ဒ်မြို့ကို ယူကရိန်းက ဒုံးကျည်နဲ့ပစ်ခတ်လို့ လူ ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူးက မတ် ၁၆ ရက်မှာ ပြောပါတယ်။

လုံခြုံရေးအကြောင်းပြချက်ကြောင့် ကျောင်းတွေနဲ့ ဈေးတွေကို ပိတ်ထားဖို့ ဒေသန္တရ အုပ်ချုပ်ရေးမှူးက မတ် ၁၆ ရက်မှာ ကြေညာထားပါတယ်။ ဈေးဝယ်စင်တာတွေကို တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ ပိတ်ထားမှာဖြစ်ပြီး စာသင်ကျောင်းတွေမှာ အတန်းတွေကို တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ဖျက်သိမ်းထားမယ်လို့ အုပ်ချုပ်ရေးမှူးက သူ့ရဲ့ တယ်လီဂရမ်ချန်နယ်မှာ ရုပ်သံ လွှင့်တင် ကြေညာထားပါတယ်။ 

ခုလို ဈေးတွေ၊ ကျောင်းတွေကို ပိတ်လိုက်တာဟာ ဘယ်လ်ဂိုရော့ဒ်မြို့၊ ပတ်ဝန်းကျင်ဒေသတွေနဲ့ ယူကရိန်းနယ်စပ်က ပညာရေးဆိုင်ရာ အဆောက်အအုံတွေကို ထိခိုက်စေနိုင်တယ်လို့ မျှော်လင့်ထားကြပါတယ်။

၃ ရက်ကြာ သမ္မတရွေးကောက်ပွဲမှာ ရုရှားနိုင်ငံသားတွေ မဲပေးနေတုန်း ယူကရိန်းရဲ့ ဗမ်ပိုင်းယား ဒုံးပျံလောင်ချာစနစ်က ဒုံးကျည်တွေ ဘယ်လ်ဂိုရော့ဒ်မြို့ကို ထိမှန်ခဲ့လို့ မြို့နဲ့  ပတ်ဝန်းကျင် ရွာတွေက ယာဉ်တွေနဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူး ဗယီးချက်စ်လာ့ဗ် ဂလာကော့ဗ်က ပြောပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013