Home
နိုင်ငံတကာ
ပလတ်စတစ်များတွင် ဓာတုပစ္စည်း ၃,၀၀၀ ထက်မနည်း ပါဝင်ဟု အစီရင်ခံစာထွက်လာ
DVB
·
March 17, 2024
Plastic Pollution_17032024

နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် အေဂျင်စီတွေက အရင်က ခန့်မှန်းထားတာထက် ပိုပြီး၊ အစားအစာထုပ်ပိုးတာကနေ ကလေး ကစားစရာတွေ၊ ဆေးဘက်ဆိုင်ရာ ကိရိယာတွေအထိ သုံးထားတဲ့ ပလတ်စတစ်တွေထဲမှာ ဓာတုပစ္စည်း ၃၀၀၀ ထက်မနည်း ရှိနေတယ်လို့ အစီရင်ခံစာတစောင်က ထုတ်ပြောလိုက်ပါတယ်။

ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီအစဉ် (UNEP)နဲ့ တခြား အဖွဲ့အစည်းတွေက အရင်က ပလတ်စတစ်ထဲမှာ ဓာတုပစ္စည်း ၁၃,၀၀၀ ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကြေညာဖူးပါတယ်။

ဒါပေမဲ့ ဥရောပသိပ္ပံပညာရှင် အဖွဲ့တဖွဲ့ရဲ့ အစီရင်ခံစာထဲမှာတော့ ဓာတုပစ္စည်းပေါင်း ၁၆,၀၀၀ ကျော်ကို တွေ့ရှိခဲ့ပြီး လေးပုံတပုံမှာ လူ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ်လို့ ယူဆထားပါတယ်။ 

နော်ဝေ သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က သဘာဝပတ်ဝန်းကျင် အဆိပ်ဆိုင်ရာ ပညာရှင် မာတင် ဝဂ္ဂနာက ဦးဆောင် ရေးသားတဲ့ အစီရင်ခံစာထဲမှာ ပလတ်စတစ် ထုတ်ကုန်တခုတည်းမှာ ဓာတုပစ္စည်းတွေ ရာထောင်ချီ ပါဝင်နေတယ်လို့ ဆိုပါတယ်။

နှစ်စဉ် ပလတ်စတစ် အမှိုက်တန်ချိန် သန်း ၄၀၀ လောက် ထုတ်လုပ်နေလို့ အစိုးရ စေ့စပ်ညှိနှိုင်းသူတွေဟာ ကမ္ဘာ့ပထမဆုံး ပလပ်စတစ်ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းဖို့ သဘောတူစာချုပ်ကို အကောင်အထည်ဖော်နေချိန်မှာ နော်ဝေ သုတေသနကောင်စီက ရန်ပုံငွေထောက်ပံ့ထားတဲ့ ဒီအစီရင်ခံစာ ထွက်ပေါ်လာခဲ့တာပါ။

ဒါပေမဲ့ ပလတ်စတစ် အမှိုက်တွေကို ကိုင်တွယ်ဖြေရှင်းရုံနဲ့ လူတွေကို ကာကွယ်ဖို့ လုံလောက်မှာ မဟုတ်ဘူးလို့ ဆွစ်ဇာလန်အခြေစိုက် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း Food Packaging Forum ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဂျိမ်း မန်ချီက ပြောပါတယ်။

ပလတ်စတစ်ဟာ လူတို့စားသုံးတဲ့ ရေနဲ့ အစားအစာ အပါအဝင် ပတ်ဝန်းကျင်ဆီ စိမ့်ဝင်နိုင်ပြီး မျိုးပွားမှုဆိုင်ရာ ပြဿနာတွေ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ ဆက်စပ်နေတဲ့ “ဆိုးရွားတဲ့ ကျန်းမာရေး ရလဒ်တွေကို ဖြစ်ပေါ်စေတယ်”လို့ ဂျိမ်းက ပြောထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013