Home
မြန်မာသတင်း
ပခုက္ကူမြို့နယ်တွင် စစ်သား ၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာ
DVB
·
March 17, 2024
PaKhoutKu CDM_17032024

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မတ် ၁၆ ရက်က စစ်ကောင်စီတပ်စစ်သားတယောက် သူကိုင်ဆောင်တဲ့ သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်အတောင့် ၁၀၀ နဲ့ ဆက်သွယ်အလင်းဝင်လာခဲ့တာကြောင့် သူ့ကို ဆုကြေး ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ Pakokku Peoples Defense Force ဆီက သိရပါတယ်။

တပ်ဖွဲ့တာဝန်ရှိသူက “သူ့သူငယ်ချင်းက အရင် ဒီဘက်ကို ရောက်နေတာ။ သူတို့ဆက်သွယ်ပြီး ဝင်လာတာပါ။ သူက သူ ကိုင်ဆောင်တဲ့ လက်နက်တွေ ယူလာတာဆိုတော့ ဆုကြေး ချီးမြှင့်ထားတာရှိပါတယ်။ သူက စစ်ကြောင်းကနေ ထွက်လာခဲ့တာဆိုတော့ ကျနော်တို့ အင်အားသုံးပြီး သွားခေါ်ခဲ့ရတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

ရေစကြိုတပ်မ ၂၅၆ တပ်ထဲကို ရောက်ရှိနေတဲ့ အဲဒီစစ်သားဟာ တပ်ထဲမှာ နှိပ်စက်ခံရတာ၊ ဖိနှိပ်ခံရတာ၊ အပြစ်ပေးခံရတာတွေကြောင့် အလင်းဝင်လာခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ သူ့ကို လွတ်မြောက်နယ်မြေဆီ ပို့​​ဆောင်ပေးမယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024