Home
နိုင်ငံတကာ
ဟေတီတွင် မိခင်နှင့်ကလေး အကူအညီကွန်တိန်နာ အလုံးလိုက် အလုခံရဟု ယူနီဆက်ဖ် ထုတ်ပြန်
DVB
·
March 17, 2024
A satellite image shows shipping containers used to block access to heavy cranes, in Port-au-Prince

ဟေတီနိုင်ငံမှာ ဂိုဏ်းအဖွဲ့တွေက မြို့တော်နေရာအနှံ့ကို ထိန်းချုပ်ထားချိန်မှာ အဓိကဆိပ်ကမ်းမှာရှိတဲ့  မိခင်၊ မွေးစကလေးနဲ့ ကလေးအသက်ကယ်ရေး မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေပါဝင်တဲ့  အကူအညီကွန်တိန်နာတွေထဲက တလုံး မတ် ၁၆ ရက်နေ့မှာ လုယက်ခံခဲ့ရတယ်လို့ ယူနီဆက်ဖ်အဖွဲ့က ထုတ်ပြန်ပါတယ်။ 

ဟေတီမှာ နိုင်ငံရေးပြဿနာမပြေလည်သေးသလို မြို့တော် ပို့တ်အော်ပရင့်စ်မှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ အာဟာရမပြည့်ဝမှု ပြဿနာဟာ စံချိန်တင်ဆိုးရွားလာနေတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေ အဖွဲ့ (ယူနီဆက်ဖ်) ကထုတ်ပြန်ပါတယ်။

လက်နက်ကိုင်ဂိုဏ်းတွေက မြို့နေရာအများအပြားကို သိမ်းပိုက်ထားပြီး သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ လိင်အကြမ်းဖက်တာတွေ မြို့အနှံ့ဖြစ်ပွားနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။ 

ပို့တ်အော်ပရင့်စ်မြို့က ယူနီဆက်ဖ်ရဲ့ ကွန်တိန်နာ ၁၇ လုံးမှာ တလုံး လုခံထားရတာဖြစ်ပြီး လူသားချင်းစာနာမှုအကူအညီ ကွန်တိန်နာ အလုံး ၂၆၀ ကျော်ကိုလည်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ 

မြို့တော်မှာ ဆေးရုံတချို့ဟာ လုံခြုံရေးစိတ်မချရလို့ ပိတ်ထားရပြီး ခွဲစိတ်ကုသနိုင်တာ ၂ နေရာပဲ ရှိတယ်လို့ ဆိုပါတယ်။ 

နိုင်ငံအနှံ့က ဆေးရုံတွေမှာလည်း ဓာတ်အား၊ လောင်စာနဲ့ ဆေးပစ္စည်း ပြတ်တောက်မှုတွေ ကြုံနေရပြီး ဆေးရုံ ဆေးခန်း ၁၀ ခုမှာ ၆ ခုက မလည်ပတ်နိုင်ဘူးလို့ဆိုပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013