Home
နိုင်ငံတကာ
အင်ဂိုလာနှင့် လက်တွဲရန်ဆန္ဒရှိဟု သမ္မတ ရှီကျင့်ဖျင် ပြော
DVB
·
March 17, 2024
FILE PHOTO: Angola's President Joao Lourenco, left, shakes hands with Chinese President Xi Jinping during the Forum on China-Africa Cooperation held at the Great Hall of the People in Beijing

အာဖရိက ရေနံထုတ်လုပ်သူ အင်ဂိုလာနိုင်ငံက ရေနံအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့ ကြိုးစားနေလို့ အင်ဂိုလာနဲ့ လက်တွဲလုပ်ဆောင်ဖို့ တရုတ်နိုင်ငံက ဆန္ဒရှိတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က မတ် ၁၆ ရက်မှာ ပြောလိုက်ပါတယ်။ 

တရုတ်နိုင်ငံဆီ အလည်အပတ်ရောက်နေတဲ့ အင်ဂိုလာသမ္မတ ယိုရာ လိုရန်ကိုနဲ့ တွေ့ဆုံ ဆွေးနွေးနေချိန်မှာ ရှီက ခုလိုပြောလိုက်တာလို့ တရုတ်အစိုးရမီဒီယာက အစီရင်ခံခဲ့တာပါ။

ခေါင်းဆောင်နှစ်ဦးဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေခံအဆောက်အအုံနဲ့ တခြားစီမံကိန်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

သူတို့ တွေ့ဆုံဆွေးနွေးချိန်မှာ နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးအဆင့်ကို မြှင့်တင်ဖို့ သဘောတူညီခဲ့ကြပြီး တရုတ်ကုမ္ပဏီတွေက စိုက်ပျိုးရေးကဏ္ဍနဲ့ စက်မှုလုပ်ငန်းကို ခေတ်မီအောင် ကူညီဖို့ အန်ဂိုလာနိုင်ငံဆီ သွားဖို့ရှိတယ်လို့ တရုတ်အစိုးရမီဒီယာက အစီရင်ခံပါတယ်။

ဒီခရီးစဉ်မှာ အင်ဂိုလာသမ္မတဟာ သူ့ရဲ့ စိုက်ပျိုးရေးဝန်ကြီးကိုပါ ခေါ်လာခဲ့တာပါ။ ရေနံအပေါ်မှီခို အားထားမှုကိုလျှော့ချဖို့ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ဖို့ အင်ဂိုလာနိုင်ငံက ရန်ပုံငွေလိုအပ်နေတာပါ။

ဒါပေမဲ့ အကူးအပြောင်းအတွက် ဘဏ္ဍာငွေအလုံအလောက်မရှိဘဲ ဖြစ်နေတယ်လို့ တရုတ်အစိုးရ မီဒီယာက ပြောခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013