Home
နိုင်ငံတကာ
အမေရိကန် ကာကွယ်ရေးဝန်ထမ်းများ နေထိုင်ခွင့်ကို ရုပ်သိမ်းပြီဟု နိုင်ဂျာစစ်အစိုးရ ပြော
DVB
·
March 17, 2024
Niger revokes military accord with US, junta spokesperson says

နိုင်ဂျာနိုင်ငံရဲ့ လက်ရှိ အာဏာသိမ်းစစ်အစိုးရက အမေရိကန်ကာကွယ်ရေးဌာနက အရပ်ဘက်နဲ့  စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေကို သူ့မြေပေါ်မှာ နေခွင့်ပြုထားတဲ့ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်ကို ချက်ချင်းရုပ်သိမ်းတယ်လို့ စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အမာဒူ အဘ်ဒရာမာနေက မတ် ၁၆ ရက်မှာ ပြောလိုက်ပါတယ်။

အာဖရိကရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မော်လီဖီး နဲ့ အမေရိကန် အာဖရိက ကွပ်ကဲမှု စစ်ဌာနချုပ် ဗိုလ်ချုပ်ကြီး မိုက်ကယ် လန်ဂ်လေတို့ ဦးဆောင်တဲ့ အမေရိကန် အရာရှိတွေ ဒီသီတင်းပတ်အတွင်း လာရောက်အပြီး ခုလို ဆုံးဖြတ်ချက်ချလိုက်တာပါ။

နိုင်ဂျာနိုင်ငံအလယ်ပိုင်း အာဂါဒက်ဇ်နားမှာ ဒေါ်လာ သန်း ၁၀၀ ကျော် ကုန်ကျခံပြီး တည်ဆောက်ထားတဲ့ အမှတ် ၂၀၁ လေတပ်အခြေစိုက်စခန်းလို့ လူသိများတဲ့ မောင်းသူမဲ့လေယာဉ် အခြေစိုက်စခန်း အပါအဝင် အခြေစိုက် စခန်း ၂ ခုက အမေရိကန် စစ်တပ်ထဲမှာ မနှစ်က တပ်ဖွဲ့ဝင် အင်အား ၁,၁၀၀ လောက် ရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ကတည်းက အဲဒီအခြေစိုက်စခန်းကို ဆာဟဲ ဒေသထဲက အယ်လ်ကိုင်ဒါ အဖွဲ့ခွဲဖြစ်တဲ့ ဂျမတ် နတ်စ်ရတ် အယ်လ်အစ္စလမ်ဝါ မွတ်စလီမန်နဲ့ IS စစ်သွေးကြွတွေကို ပစ်မှတ်ထားဖို့ သုံးခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013