Home
မြန်မာသတင်း
ရွှေကျင်မြို့က လောင်းကစားဝိုင်းတွင် ဗုံးပေါက်ကွဲပြီး ၁၃ ဦးဒဏ်ရာရ
DVB
·
March 16, 2024
bomb 1632024

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဝင်းခနိမ်ကျေးရွာက လောင်းကစားဝိုင်းတခုအတွင်းမှာ မတ် ၁၅ ရက် ညနေက  ဗုံးပေါက်ကွဲခဲ့တာကြောင့် လူ ၁၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကျင်မြို့နယ်၊ ဝင်းခနိမ်ကျေးရွာက ရာဘာခြံတခုအတွင်း မနေ့ ညနေ သုံးနာရီက အုပ်စုဖွဲ့ လောင်းကစားဝိုင်း ပြုလုပ်နေချိန် ဗုံးတလုံးပေါက်ကွဲခဲ့ပြီး ဝိုင်းအတွင်းရှိ အမျိုးသား ရှစ်ယောက်နဲ့ အမျိုးသမီး ငါးဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီနေရာမှာလုပ်နေတာက ကြာနေပြီ။ မနေ့ကညနေပိုင်းက ဗုံးထပေါက်တော့ လူတွေလည်း ရုတ်ရုတ်သဲသဲဖြစ်ကုန်တာပေါ့။ လိုင်းကြေးအပြည့်မရလို့ လာလုပ်သွားတာလို့ကြားတယ်။ ခေတ်အဆက်ဆက် ကစားဝိုင်းတွေကို လိုင်းကြေးပေးပြီး လုပ်နေကြတာပဲ။ သူတို့ချင်း မပြေလည်ရင် ခွင့်မပြုနဲ့ပေါ့။ အခုတော့ နာလည်းနာ ကုန်လည်းကုန်ဆိုသလိုဖြစ်နေပြီ။” 

အဲ့ဒီဗုံးပေါက်ကွဲမှုမှာ လက်လုပ်ရီမုမိုင်းလို့ယူဆရပြီး ပေါက်ကွဲခဲ့တဲ့ နေရာအနီးဝန်းကျင်မှာ  အချိုရည်ဘူးခွံနဲ့ ဓာတ်ခဲအပိုင်းအစတွေ တွေ့ရှိခဲ့ကြောင်း နယ်မြေခံလုံခြုံရေးအဖွဲ့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ ရွှေကျင်မြို့နယ်၊ ဝင်းခနိမ်ကျေးရွာက ရာဘာခြံအတွင်း လေးကောင်ဂျင်၊  ဖဲဝိုင်းနဲ့ ဂလုံးဂလုံး (တောင်ပြို) လောင်းကစားဝိုင်းတွေအား ပြီးခဲ့တဲ့နှစ်အစပိုင်းကစပြီး သက်ဆိုင်ရာ အဖွဲ့တွေကို လိုင်းကြေးပေးပြီးပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013