Home
နိုင်ငံတကာ
ယူကရိန်းဆိပ်ကမ်းမြို့တွင် ရုရှားဒုံးကျည်ထိမှန်ပြီး လူ ၂၀ ကျော်သေဆုံး
DVB
·
March 16, 2024

ယူကရိန်းနိုင်ငံ ပင်လယ်နက်ဆိပ်ကမ်းမြို့ အိုဒက်ဆာမှာ မတ် ၁၅ ရက်က လူနေရပ်ကွက်တခုကို ရုရှားပဲ့ထိန်းဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး လူ ၂၀ သေဆုံး၊ ၇၀ ကျော် ဒဏ်ရာရခဲ့ပြီး ၁၀ ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ ယူကရိန်းအရာရှိတွေက ပြောကြားခဲ့ပါတယ်။

ဒါဟာ ရက်သတ္တပတ်တွေအတွင်း မော်စကိုရဲ့ အဆိုးရွားဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ 

ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်မှ Iskander-M ဒုံးကျည် ၂ စင်းကို ပစ်လွှတ်ခဲ့တာ ဖြစ်ပြီး ပထမ ဒုံးကျည်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေး လုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒုတိယအကြိမ် ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကြောင့် သေဆုံး ဒဏ်ရာရသူတွေထဲမှာ အရေးပေါ်ကယ်ဆယ်ရေးသမားတွေနဲ့ ဆေးမှူးတွေလည်းပါဝင်ကြောင်း ဒေသအုပ်ချုပ်ရေးမှူး အိုလေးကီပါးက ပြောပါတယ်။

ဒုံးကျည်ကြောင့် တောင်ပိုင်းမြို့တွင်းရှိ အရပ်ဘက်အခြေခံအဆောက်အဦတွေ၊ ဓာတ်ငွေ့နဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးမှူး အိုလေး ကီပါးက အမျိုးသားရုပ်မြင်သံကြားမှာ ပြောကြားခဲ့ပါတယ်။ 

တိုက်ခိုက်မှုအတွင်း ကိုယ်ပိုင်အိမ် ၁၀ လုံး၊ ဖိအားနိမ့် ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ကယ်ဆယ်ရေး ယာဉ်တွေ ပျက်စီးခဲ့ကြောင်း အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောကြားခဲ့ပါတယ်။

အခုလမှာ နေ့တိုင်းနီးပါး ရုရှားဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံနေရတဲ့ မြို့တမြို့ကို ယုတ်မာတဲ့ တိုက်ခိုက်မှုတွေအတွက် ရုရှားဟာ ယူကရိန်းတပ်တွေဆီကနေ "မျှတတဲ့ တုံ့ပြန်မှု" ကို ပြန်ရပါလိမ့်မယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024