မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ လေကြောင်း စစ်ဆင်ရေး လေ့ကျင့်မှုတွေကို ကြီးကြပ်ခဲ့ပြီး တိုက်ပွဲအတွက် လက်တွေ့ကျတဲ့ ပြင်ဆင်မှုတွေလုပ်ဖို့ တိုက်တွန်းခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာ KCNA က မတ် ၁၆ ရက်မှာ ဖော်ပြပါတယ်။
KCNA က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ မတ် ၁၅ ရက်မှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုကို သူ့သမီးနဲ့အတူ ကြည့်ရှုခဲ့ပြီး လေ့ကျင့်မှုမှာပါဝင်တဲ့ လေတပ်သားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ မြောက်ကိုးရီးယားတပ်ဖွဲ့ဝင်တွေရဲ့ အဆင်သင့်ပြင်ဆင်မှုကို အားရကျေနပ် ကြောင်း ပြောကြားခဲ့ပြီး မြေမျက်နှာသွင်ပြင်၊ ရာသီဥတု၊ အချိန်နဲ့ အဆိုးရွားဆုံး အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လေ့ကျင့်ရေးတွေကို ညွှန်ကြားထားကြောင်း KCNA က ဖော်ပြခဲ့ပါတယ်။
အခုသီတင်းပတ်အစောပိုင်းမှာ အပြီးသတ်ခဲ့တဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်အပြီးမှာ မြောက်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့တာပါ။
တင်းမာမှုတွေ လျော့ပါးပြေလည်စေဖို့ ရည်ရွယ်တဲ့ ၂၀၁၈ ခုနှစ် ကိုရီးယားနှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ သဘောတူစာချုပ်ကို နိုဝင်ဘာလမှာ ဖြောင်းယန်း (ပြုံယမ်း) က ဖျက်သိမ်းပြီးနောက် တောင်ကိုရီးယား-အမေရိကန် ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့တာပါ။
Source/Photo - Reuters