Home
မြန်မာသတင်း
ဝိုင်းမော်တွင် ကား ၂ စီးတိုက်မိပြီး ကလေးငယ်အပါအဝင် ၇ ဦး ဒဏ်ရာရ
DVB
·
March 16, 2024
Acc 1632024

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ မတ် ၁၅ နေ့လယ်ပိုင်းက ကုန်တင်ယာဉ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိပြီး ကလေးငယ် ၁ ယောက် အပါအဝင် ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မိုင်းနားကျေးရွာလမ်းဆုံအနီးမှာ သဲကျောက်တင်လာတဲ့ ကားနဲ့ ထင်းတွေ တင်လာတဲ့ ကားတို့ တိုက်မိပြီး ကားပေါ်က ကလေးငယ်အပါအဝင် အမျိုးသား၊ အမျိုးသမီးတွေ ဒဏ်ရာရခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “နေ့လယ် ၁ နာရီလောက်က မိုင်းနားလမ်းဆုံအနီးမှာ ထင်းသယ်တဲ့ တုန်ဖုံးကားနဲ့ သဲကျောက်တင်တဲ့ တုန်ဖုံးကား မျက်နှာချင်းဆိုင်တိုက်မိတာ။ ထင်းသယ်တဲ့ ကားမှောက်ပြီး ကားပေါ်က အမျိုးသမီးတွေနဲ့ ကလေးတယောက် ဒဏ်ရာရသွားတယ်။ အမျိုးသားတယောက်ကတော့ ထင်းတွေပိမိလို့ ဒဏ်ရာပြင်းထန်တယ်” လို့ ပြောပါတယ်။

ထင်းသယ်  မော်တော်ယာဉ်တိမ်းမှောက်ပြီး  ယာဉ်ပေါ်လိုက်ပါလာတဲ့ အသက် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် အမျိုးသမီး ၆ ယောက် ပွန်းပဲ့ ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတယောက်ကတော့ ညာနံရိုးကျိုးခဲ့တာကြောင့် လူမှုကူညီရေးအဖွဲ့တွေက  မြစ်ကြီးနား ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ ကြပါတယ်။

ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ဆဒုံး-ကန်ပိုင်တည်လမ်းမှာ တာယာတင်လာတဲ့ မော်တော်ယာဉ်တစီးတိမ်းမှောက်လို့ ယာဉ်မောင်းသေဆုံးပြီး ယာဉ်ပေါ်ပါ အမျိုးသားတယောက် ထိခိုက်ဒဏ်ရာ ရှိခဲ့ပါတယ်။

ပုံ-လူမှုကူညီရေးအသင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024