မကွေးတိုင်း ပခုက္ကူမြို့နယ်၊ ကမ္မမြို့ သာကြီးတောင်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရင်းနှီးမှုယူကာ ယုံကြည်လောက်တဲ့အချိန် လက်နက်တချို့ကို ယူဆောင်နိုင်ခဲ့တယ်လို့ မြိုင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မြိုင် PDF က သူလျှို ရဲဘော် ၂ ဦးဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလကတည်းက သာကြီးတောင်နယ်မြေရဲစခန်းကို ရောက်ရှိခဲ့ပြီး ရင်းနှီးမှုယူကာ မတ် ၁၃ ရက်မှာတော့ G3 သေနတ် ၃ လက်၊ ကျည်ပေါက် ၅ ခုနှင့် ကျည်အတောင့် ၁၀၀ ကို ယူဆောင်လာနိုင်ခဲ့တာပါ။
မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း- ၁ တာဝန်ရှိသူက“သူတို့ကိုရဲစခန်းက ကောင်တွေက အရက်ဝယ်ခိုင်း၊ ဘာဝယ်ခိုင်းဆိုတော့ ယုံတယ်လေ။ ကျနော်တို့ သေချာသင်ပေးပြီး လွန်ခဲ့တဲ့ ၆ လလောက်ထဲက အဲဒီကို ပို့လိုက်တာ၊ သူတို့လစ်တဲ့အချိန်ပစ္စည်း မပြီး ပြန်ပြေးလာတာ”လို့ ပြောပါတယ်။
PDF ရဲဘော် ၂ ဦးဟာ မြိုင်ပကဖနဲ့ ကမ္မ Oxygen တပ်ဖွဲ့က ရဲဘော်တွေဖြစ်ပြီး သူတို့ကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆုငွေ ကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။