မန်ယူနိုက်တက်အသင်းဟာ လာမယ့်နှစ် ဥရောပချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ဘူးဆိုရင် အသင်းရဲ့ ဂျာစီစပွန်ဆာဖြစ်တဲ့ Adidas ကို ပေါင် ၁၀ သန်း လျော်ကြေးအဖြစ် ပေးဆောင်သွားရမှာပါ။
မန်ယူအသင်းဟာ Adidas နဲ့ စာချုပ်သစ်အရ တနှစ်ကို ပေါင်သန်း ၉၀ ရရှိမှာဖြစ်ပေမဲ့ ချန်ပီယံလိဂ် ဝင်ခွင့်မရရှိတဲ့ ဘောလုံးရာသီမှာ ပေါင် ၁၀ သန်း ပြန်လည်လျော်ကြေး ပေးသွားရမယ်ဆိုတဲ့ သဘောတူညီချက် ပါရှိတယ်လို့ The Times သတင်းမှာ ဖော်ပြပါတယ်။
မန်ယူအသင်းဟာ Adidas နဲ့ ပေါင်သန်း ၇၅၀ တန်ကြေးရှိ ၁၀ နှစ်စာချုပ် ချုပ်ဆိုထားတာပါ။ ဒါ့အပြင် မန်ယူအသင်း ဒါမှမဟုတ် အမျိုးသမီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားသို့မဟုတ် အက်ဖ်အေဖလားရရှိမယ်ဆိုရင်တော့ ပေါင် ၄ ဒသမ ၄ သန်းဆုကြေးရမယ် လို့ ဆိုပါတယ်။
မန်ယူအသင်းဟာ လက်ကျန်ပရီးမီးယားလိဂ် ၁၀ ပွဲအလိုမှာ အဆင့် ၆ နေရာမှာရပ်တည်နေပြီး အဆင့်လေးနေရာက ဗီလာနဲ့ ၈ မှတ်ကွာဟနေဆဲ ဖြစ်ပါတယ်။
Photo-Reuters